Channel Myanmar

Chelsie Preston Crayford

Baby Done (2020) 6.2
Baby Done (2020) Baby Done (2020)==============IMDb Rating - 6.2/10 ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာသိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာတွေကို စပြီးချရေးပါတော့တယ်......သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကိုcomedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 31minSubtitle – Myanmar ...
movie

Baby Done (2020)

2020
Savage (2019) 6.3
Savage (2019) Savage 2019 ---------------- လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က နယူးဇီလန်မှာရှိခဲ့တဲ့လူမိုက်ဂိုဏ်းတွေရဲ့ဇာတ်လမ်းကို ကျောရိုးယူရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ဒန်နီကို ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘ၀ ဆိုပြီးသာမန်ကလေးလေးကနေ လူမိုက်ဂိုဏ်းရဲ့ဆရာကြီးဖြစ်လာသည်အထိ ဒီကားထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကနယူးဇီလန် လူမိုက်ဂိုဏ်းတွေရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် တင်ဆက်ရိုက်ပြထားနိုင်တဲ့ဇာတ်ကားတစ်ကားပါ။ အားကြီးသူ စားစတမ်းခေတ်မှာ "Savage"(အရိုင်းအစိုင်း) ဂိုဏ်းအဖွဲ့သားဖြစ်တဲ့ ဒန်နီတစ်ယောက်ဘယ်လိုဘဝအချိုးအကွေ့တွေကြောင့် လူမိုက်ဖြစ်လာသလဲ၊ အာဏာ/သူငယ်ချင်း/မိသားစု ကြားအားပြိုင်မှုမှာ ဒန်နီတစ်ယောက်နောက်ဆုံးဘယ်အရာကိုရွေးခြယ်သွားလဲဆိုတာကို အစ၊ အလယ်၊ အဆုံး အချိတ်အဆက်မိမိတင်ဆက်သွားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြည့်ပျော်ရှုပျော်ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူမိုက်ဂိုဏ်းကားပီပီ တစ်ကားလုံး မိုးမွှန်အောင်ဆဲနေတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ကြောင်းထပ်လောင်းပြောပါရစေ။ Translated by : Hein Min HtunEncoded by : YKQuality : 1080p Blu-Ray and 720pFile size : 1.7GB and 793MBDuration : 1h 40minSubtiles : Myanmar (Hardsub)  
movie

Savage (2019)

2019