Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chen Jie
5.8
Crocodile Island ( 2023 )
ကျွန်းပေါ်မှာ ဝှက်ထားတဲ့ ရွှေဥကို တွေ့အောင်ရှာနိုင်ရင် ဆုကြေးသိန်း ၅၀ ရမယ်ဆိုတဲ့ Variety Show တစ်ခုမှာ လူတစ်စုဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ အဲဒီ သိန်း ၅၀ ကို လိုချင်ခဲ့ကြတာကြောင့် ပြိုင်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ ပြိုင်ပွဲအတွက် ရိုက်ကူးရေးစတဲ့နေ့မှာပဲ အဖွဲ့သား ၂ ယောက် မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာကြောင့် ကျွန်းပေါ်မှာ မိကျောင်းရှိတဲ့အကြောင်းကို ခုနက မိကျောင်းလိုက်ကိုက်တာခံရတဲ့အဖြစ်အပျက်မှာ လွတ်မြောက်လာခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့တစ်ဦးက လာပြောခဲ့ပေမဲ့ ဒါရိုက်တာက ကျွန်းနာမည်ကကို (မိကျောင်းကျွန်း) ဖြစ်လို့ ဒီမိကျောင်းဟာ သူတို့ ဆင်ထားတဲ့ လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်းပြောပြီး ရိုက်ကူးဆက်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရွှေဥ ရှာပုံတော်စဖွင့်တဲ့အချိန်ကစပြီး ၂ ယောက်တစ်တွဲ ခရီးထွက်လာခဲ့တဲ့ သူတွေဟာ မိကျောင်းကိုက်ခံရပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ မိကျောင်းရန်ကနေ ထွက်ပြေးဖို့ လုပ်ရင်း ဒီအစီအစဥ်မှာ ပါဝင်မိတဲ့ သူတို့အားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က နွေရာသီကမ့်ပ်မှာ အတူတူပါဝင်ခဲ့ဖူးတဲ့သူတွေ ဖြစ်နေတာကို အမှတ်မထင် သိလိုက်ရပါတယ်။အဲဒီနောက်မှာတော့ ဒီမိကျောင်းတွေပေါ်လာတာ မရိုးရှင်းဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ကျန်ရစ်သူအားလုံး ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား မိကျောင်းတွေကို နောက်ကွယ်က ကြိုးကိုင်နေတာ ဘယ်သူလဲ လွန်ခဲ့တဲ့ ...
movie
Crocodile Island ( 2023 )
5.9
Legend of BuShenshan ( 2022 )
အချစ်ဖန်တက်စီဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာစဉ်အချိန်တုန်းက လူသားတွေနဲ့မိစ္ဆာမျိုးနွယ်တွေဟာ အတူတွဲနေထိုင်ကြတယ်။ မိစ္ဆာမျိုးနွယ်တွေကအသက်ရှည်ပေမယ့် မေတ္တာခေါင်းပါးကြတယ်။ မိစ္ဆာတွေဟာ နတ်ဖြစ်ဖို့အတွက် နှစ်ရာချီကြိုးစားပြီးကျင့်ကြံကြရတယ်။ အဲဒီလိုမှ နတ်နဲ့မိစ္ဆာတွေကြား ငြိမ်းချမ်းမှုတည်မြဲစေပါတယ်လို့ဆိုတယ်။ပုရှန်းတောင်ကမိစ္ဆာမလေးပင်းချင်ဟာ နတ်ဖြစ်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာကိုလိုက်ရှာရတဲ့အချိန်မှာ မိစ္ဆာနှိမ်နင်သူကောင်လေးနဲ့တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့ဆန့်ကျင်ဘက်အခြေနေတွေကြားက သူတို့နှစ်ယောက်ကြားမှာအချစ်ပန်းတွေပွင့်လာနိုင်မလား...... သူတို့ရဲ့မေတ္တာခရီးကရောဖြောင့်ဖြူးနိုင်ပါ့မလား...... ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးကြည့်ရမှာဖြစ်တဲ့အတွက် CM Chinese fanတွေအဖို့ စိတ်အမောတွေဖြေဖျောက်ဖို့ ကားကောင်းလေးတစ်ကားပဲဖြစ်လို့ ကြည့်ရှုအားပေးဖို့တိုက်တွန်းချင်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Legend of BuShenshan ( 2022 )