Channel Myanmar

Chen Xinzhe

Shirensha ( 2023 )
Shirensha ( 2023 ) စိတ်လှုပ်ရှားသက်ဝင်ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို Channel Myanmar က တင်ဆက်ပေးလိုက်ပါပြီနော်ယွီဖေးနဲ့ထုံယန်ဟာ တစ်ချိန်က ညီအစ်မရင်းတွေလို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အကြောင်းအရင်းတစ်ခုကြောင့် နှစ်အတန်ကြာ ကွဲကွာခဲ့ရပါတော့တယ်ထိုအကြောင်းရင်းကတော့ ဝူလျန်ဟာ သူတို့နှစ်ယောက်နဲ့ အတန်းဖော်ဖြစ်ခဲ့ပြီး သူမသူငယ်ချင်းထုံယန်အတွက် ယွီဖေးဟာ နောက်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ်ဒီလိုနဲ့ ဝူလျန်ဟာ ထုံယန်ကိုလက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်နဲ့ သူတို့သူငယ်ချင်းသုံးယောက်တစ်ဖန်ပြန်ဆုံခဲ့ရပါတော့တယ်။ အဲ့အချိန်မှာပဲ ပုံပြင်လေးက စတင်ခဲ့ပါတော့တယ်。。。ယွီဖေးရဲ့အကြံအရ စပရိုက်စ်(အံ့အားသင့်ဖွယ်)ဖြစ်အောင် အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတော့တယ် အဲ့ဒါကတော့ ပင်လယ်ပြင်ကြီးမှာ ရွက်လှေလွှင့်ပါတီလုပ်ပြီး ထုံယန်မသိတဲ့အခိုက်မှာ ရေအောက်ခြေက သန္တာကျောက်တန်းမှာ လက်စွပ်ကို သွားဖွက်ထားဖို့ပဲ ဖြစ်ပါတယ်。。。အဆုံးမရှိတဲ့ကမ်း မှန်းဆမရတဲ့အနက် စူးစမ်းမရတဲ့‌ အခြင်းအရာတွေပတ်လည်ဝန်းရံနေတဲ့ ပင်လယ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အသေးစိတ်ကြည့်ရှုလိုက်ပါနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Shirensha ( 2023 )

The Desert Dragon ( 2021 ) 5.9
The Desert Dragon ( 2021 ) ထန်မင်းဆက် နောက်ဆုံးအုပ်ချုပ်သည့် ခေတ်ကာလအချိန်...., ခွန်းလွင် တောင်ထိပ်မှာရှိတဲ့ ခွန်းဝူအဆောင်တော်မှ အကြီးအကဲ ဟွမ်ဖူ ဟာ နတ်ဆိုးဂိုဏ်းသားတွေ နဂါးရဲ့သွေးကြောကို ဖျက်ဆီးနေပြီလို့ ခံစားမိတဲ့အတွက်ကြောင့် တပည့်တွေကိုခေါ်ဆောင်ပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးကို တိုက်ခိုက်ဖို့ဦးဆောင်ခဲ့ပါတယ်သစ်ပင်နတ်ဆိုးဟာ ရွှမ်းယင်ပုလဲကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ခွန်းဝူနန်းဆောင်တော်ကို ဖျက်ဆီးတိုက်ခိုက်မှာစိုးရိမ်တာကြောင့် အကြီးအကဲဟွမ်ဖူဟာ ဖေးလျို လမ်းစဥ်ကိုအသက်သွင်းပြီး ဆန့်ကျင်ခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဂိုဏ်းရဲ့တပည့်တွေဖြစ်ကြတဲ့ ရွှင်ထူနဲ့ ချူလင်အာ တို့ကို ရွှမ်းယင်ပုလဲမရရှိခင်မှာ သစ်ပင်နတ်ဆိုးကို ​ချေမှုန်းဖို့ ဖန်ရှစ်မြို့တော်ကိုစေလွှတ်ခဲ့ပါတယ် အဲဒီခရီးလမ်းမှာပဲ ရွှင်ထူနဲ့ ချူလင်အာ တို့ဟာ ကလေကချေကောင်လေး လီယွမ်ကျီးနဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာခဲ့ပါတော့တယ် ဒီတော့သူတို့တွေဟာ နတ်ဆိုးတွေကို နှိမ်နင်းတားဆီးဖို့ လမ်းကြောင်းမှာ အတူတူရင်ဆိုင်လာကြရင်း -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ ရင်ဆိုင်ရ/စတေးရမှုတွေ ရှိလာတဲ့အခါမှာရော သူတို့တွေဘယ်လိုကျော်ဖြတ်ကြမလဲ ? ❐ နတ်ဆိုးတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် Action, Historical နဲ့ Fantasy အမျိုးအစားလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ကတော့ ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The Desert Dragon ( 2021 )

Marble Mountains ( 2022 ) 6
Marble Mountains ( 2022 ) ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက် စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့ Marble Mountain ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့... စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့ လူ့ပြည်ရောက်လာတာလည်းမဟုတ်... အချစ်ဇာတ်လမ်းလေးကြောင့် စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ...လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကို ချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီး စွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့...ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေ တင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီး စွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Marble Mountains ( 2022 )

Hey! Little Bone ( 2020 ) 5.1
Hey! Little Bone ( 2020 ) ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မိစ္ဆာကားလေးပါနော်ဇာတ်လမ်းလေးကတော့...ကျာလင်ခုန်းဟာ သူ့ရဲ့ချစ်ရသူကို နှစ်တစ်ထောင်ကြာ စောင့်မျော်နေတဲ့မိစ္ဆာငယ်လေးပါတစ်နေ့ မိစ္ဆာ နှိမ်နှင်းရေးကျောင်းက မိစ္ဆာတွေကို လာတိုက်ခိုက်ချိန်မှာကျာလင်ခုန်းက မိစ္ဆာသခင်မပိုင်ကို သွားခေါ်ဖို့အမိန့်ပေးအပ်ခံခဲ့ရတယ်မမျော်လင့်ဘဲ မိစ္ဆာသခင်မပိုင်က သူစောင့်မျော်နေရတဲ့ ချစ်သူဖြစ်နေပြီးအတိတ်ကို မမှတ်မိတော့တဲ့အတွက် ကျာလင်ခုန်းက သူတို့ရဲ့ အတိတ်ဘဝကိုပြန်ပြောပြရပါတယ် တကယ့် ဇာတ်လမ်းလေးကတော့ ခုမှ စတာနော်အတိတ်တုန်းက ကျာလင်ခုန်းတို့ချစ်သူနှစ်ယောက်ဟာ ဘယ်လိုတွေချစ်ကြိုးသွယ်ခဲ့ကြပြီး သူတို့ဘဝတွေမှာ ဘယ်လိုတွေ မုန်တိုင်းထန်ခဲ့လို့ကွဲသွားကြလဲဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော် Translated & Review By Yamin EiEncoded By LK
movie

Hey! Little Bone ( 2020 )