Channel Myanmar

Chris McCarty

Over the Top (1987) 5.8
Over the Top (1987) Over the Top (1987)အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။~ ဇာတ်လမ်းအကျဥ်း ~လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ကုန်ကား​ပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ... မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ... ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့  Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.85GB, 850MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - ...
movie

Over the Top (1987)

1987