Channel Myanmar

Clement von Franckenstein

The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie

Robin Hood: Men in Tights (1993)

1993
Lionheart (1990) 6.2
Lionheart (1990) Lionheart ( 1990 ) ---------------- အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့အထူးတပ်သားတစ်ယောက်ရှိတယ်။ လော့အိန်ဂျယ်လိမှာ သူ့ညီဟာ အရှင်လတ်လတ် မီးရှိခံလိုက်ရတဲ့ ရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရပေမဲ့ တပ်က သူ့ကိုအသိမပေးဘဲ ဖုံးထားခဲ့တယ်။ ဒီလိုနဲ့ သူသိသွားတဲ့အခါမှာ တပ်ကနေပြေးပြီး သူ့ညီရှိတဲ့ဆီ အပြေးသွားခဲ့တယ်။ လမ်းမှာ ငွေမရှိတော့ လမ်းဘေးထိုးပွဲတွေမှာ ဝင်ထိုးပြီး ငွေရှာရာကနေ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီနွံထဲက မရုန်းနိုင်ဘဲ သူ့ညီအတွက် သူ့မိသားစုအတွက် ကြေးမြင့်ထိုးပွဲတွေအထိပါ သူ့ရဲ့ ခြင်္သေ့လို နှလုံးသားနဲ့ ဆက်ထိုးရင်း တပ်ကလိုက်ဖမ်းတာကိုလည်း ရှောင်နေခဲ့ရတယ်။ ချစ်စိတ်လည်းကြီး သတ္တိလည်းကြီးတဲ့ သူ့နှလုံးသားနဲ့ ထိုးတဲ့ လက်သီးချက်တွေက သူ့မိသားစုဆီ ပြန်ရောက်ဖို ခြေတစ်လှမ်းပိုနီးလာစေမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။Lionheart ဟာ ဗန်ဒိန်းရဲ့ အက်ရှင်ခန်း ထိုးခန်း ချခန်း အလန်းစားတွေနဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ နပန်းပွဲတွေ ဆက်တိုက်ထိုးနေတာာကို ကြည့်ရတာမို ချခန်းတွေက တော်တော်လေး ကြည့်ကောင်းသလို မိသားစုအတွက် ဘာမဆိုလုပ်မယ့်လူတစ်ယောက်ရဲ့ ...
movie

Lionheart (1990)