Channel Myanmar

Dali Rose Tetreault

Skinamarink (2022) 5.3
Skinamarink (2022) Skinamarink (2022)~ Rotten Tomatoes - 75%, Meta - 68% ~Horror Streaming Service ဖြစ်တဲ့ Shudder ရဲ့ အသစ်ထွက်ကားလေးပါ။ ဒီရုပ်ရှင်ကိုမရိုက်ခင် ဒါရိုက်တာဟာ Youtube ချန်နယ်တစ်ခုထောင်ပြီး Viewers တွေကို သူတို့ရဲ့အိပ်မက်ဆိုးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီနောက် သူတို့ပြောတဲ့အိပ်မက်ဆိုးတွေကနေ ဒီရုပ်ရှင်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ အဓိကကတော့ အကုန်ဘုံတူနေတယ်ပြောလို့ရတဲ့ အိပ်မက်ကိုပေါ့။ ဒါရိုက်တာဟာ " ကျွန်တော်ငယ်ငယ်က အိပ်မက်ဆိုးတစ်ခုမက်ခဲ့ဖူးတယ်။ အိပ်မက်ထဲ ကျွန်တော်က မိဘတွေနဲ့အတူအိမ်မှာပေါ့။ ပြီး‌တော့ ကျွန်တော့်မိဘတွေ ပျောက်သွားပြီး အိမ်ထဲမှာ မကောင်းဆိုးရွားတစ်ကောင်ရှိနေခဲ့တယ်။ ဒီလိုအိပ်မက်မျိုး လူတော်တော်များများလည်း မက်ဖူးကြပါတယ် " လို့ ပြောခဲ့သလို ဒီလိုပုံစံကိုပဲရိုက်ခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ ဟော်ရာကားပေမဲ့ Experimental Horror ခေါ် အတွေးအမြင်အသစ်ဟော်ရာကားမျိုးဖြစ်တဲ့အတွက် အမြင်များတဲ့ကားတွေနဲ့တော့မတူပါဘူး။ ဒီကားမှာဆို အိမ်တစ်အိမ်ထဲကပစ္စည်းတွေနဲ့ ဇာတ်ကောင်ဆိုလို့ ကလေး၂ယောက်လောက်ကိုပဲသုံးပြီး ...
movie

Skinamarink (2022)

2022