Channel Myanmar

Daniel Annie Pope

Raid (2023) 7.7
Raid (2023) Raid (2023) IMDb 7.7/10ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် အခုထွက်ရှိတာတဲ့အက်ရှင်ကားလေးကတော့ အင်ဒိုးနီရှားအက်ရှင်ကား Raidမဟုတ်တဲ့ တမီလ်Raid အက်ရှင်ဇာတ်ကြမ်းပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ အက်စ်ပီကာသီရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး ၂၀၁၈ခုနှစ်ထွက် ကန်နာဒါရုပ်ရှင် Tegaruကို ပုံစံပြောင်းပြန်လည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိပရာဘာကာရန်ဟာ ချင်းနိုင်းမြို့က ရာဇဝတ်ကောင်တွေအကုန်လုံးကို ကိစ္စတုံးပေးချင်တဲ့အတွက် လူမိုက်တွေအားလုံးရဲ့နောက်ကွယ်ကလက်မည်းကြီး ဂန်းစတားအန်ကယ်နဲ့ ဒဲ့ငြိပါတော့တယ်။ အဲဒီမှာပဲ စီးနင်းမှုတွေလုပ် လူဆိုးတွေနဲ့ ရဲတွေချ လူဆိုးတွေအချင်းချင်းချ လုံးဝအက်ရှင်အလန်းစားတွေနဲ့ ပတ်ချနေတဲ့ကြားထဲက ဇာတ်အရှုပ်အရှင်းတွေကိုတော့ ပရိသတ်ကြီးပဲ တိုက်တာခိုက်တာတွေကြည့်ရင်း ရှုမြင်ခံစားကြပါတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Raid (2023)

2023
Love (2023) 5
Love (2023) Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB  / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie

Love (2023)

2023
Theerkadarishi (2023) 8.9
Theerkadarishi (2023) Theerkadarishi (2023)IMDb 9.4/10 CM မှာတင်ဆက်ပေးထားတဲ့ 2018ကတည်းကထွက်ခဲ့ပြီး ongoing series ဖြစ်တဲ့ 9-1-1(2018) ဇာတ်လမ်းတွဲလိုမျိုးကို မတူညီတဲ့ Vibe နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း အရေးပေါ်အတွက် ဖုန်းခေါ်ဆိုမှုလက်ခံတဲ့ဆီကို ဖုန်းတစ်ကောလ်ဝင်လာပါတယ်။ တစ်နေရာမှာ အမျိုးသမီးတစ်ဦး အန္တရာယ်ကြုံရတော့မယ် သူ့ကို အမြန်ကယ်တင်ပါ ဆိုပြီး။ ဆက်တဲ့သူက သူဘယ်သူလဲ ဘယ်ကလဲ ပြောမသွားပါဘူး။ နောက်ရက်လဲရောက်ရော သူပြောတဲ့အတိုင်းပဲ အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရပါတယ်။အဲလိုပဲ ဆက်တိုက်ဆက်တိုက် သူဖုန်းဆက်ပြီး ဖြစ်မယ်ပြောတဲ့ လူသတ်မှု မတော်တဆမှုတွေက တကယ်ပဲ ဖြစ်လာတဲ့အခါမှာတော့...။ သူပြောလို့ပဲ အဲဒီကိစ္စတွေက ဖြစ်ရတာလား။ သူကပဲအဲဒီကိစ္စတွေကို ရှေ့ဖြစ်ကြိုဟောကိန်းထုတ်နိုင်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ အဲဒီကိစ္စတွေကို ကျူးလွန်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~BpL~Moon~Yunniနဲ့ တက်သစ်စဘာသာပြန်Thaik Sanတို့ပဲဖြစ်ပါတယ်) File size…2.81GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~BpL~Moon~Yunni
movie

Theerkadarishi (2023)

2023
Rangoon (2017) [Tamil] 7.2
Rangoon (2017) [Tamil] IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing  ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။----------------------------------------Rangoon ဆိုတဲ့ ကုလားကား​။၁၉၈၈ မှာ မြန်​မာပြည်​က​နေ အိန္ဒိယကို ​ပြောင်​းလာတဲ့ တမီလ်​မိသားစုတစ်​စုက ​ကောင်​​လေး။ အရွယ်​​ရောက်ပြီး ​ရပ်​ကွက်​ထဲ ဇ ရှိတဲ့ ဇိုး​ပေါက်​စ​ဖြစ်​လာတဲ့အခါ ​ရွှေ​မှောင်​ခိုလုပ်​ငန်​းရှင်​ကြီးက ဆွဲစားလိုက်​တယ်​။​လုပ်​ငန်​းရှင်​ကြီးရဲ့ လက်​ရုံးဖြစ်​လာတဲ့ သူတို့ ​သူငယ်​ချင်​းသုံး​ယောက်​ဟာ ရန်​ကုန်​ကို ​ရွှေ​မှောင်​ခို သွင်​းဖို့...မိုး​ရေး-တမူးနယ်​စပ်​က​နေ တဆင်​့ ဝင်​လာခဲ့တယ်​။ဇာတ်​လိုက်​ရဲ့ အ​ဖေက တချိန်​က ​​ရွှေဘုံသာလမ်​းက ​ရွှေပွဲစား ဆို​တော့ အခက်​အခဲမရှ်ိပဲ...ရန်​ကုန်​က သူတို့ ပို့ရမယ်​့ ​ရွှေ ဆိုင်​ရာအဖွဲ့အစည်​းရဲ့ ဥက္ကဌ ဆီ ​ရွှေ​တွေပို့နိုင်​ခဲ့တယ်​။ဒါ​ပေမယ်​့..ရန်​ကုန်​ က သူတို့တည်​းတဲ့ ဟိုတယ်​က​နေ ပြန်​အထွက်​မှာ..မြန်​မာ​ရွှေကုန်​သည်​ဘက်​က လက်​ငငး် ​ချေလိုက်​တဲ့ ​ငွေသား သိန်​း ၆၀၀ ပါတဲ့အိတ်​ထဲမှာ စက္ကူ​တွေချည်​းဖြစ်​​နေတဲ့အခါ.....ဇာတ်​လမ်​းက​တော့ ...
movie

Rangoon (2017) [Tamil]

2017