Channel Myanmar

Daniel Annone

County Line: All In (2022) 5.8
County Line: All In (2022)  Couty Line : All In (2022)မြို့လေးတစ်မြို့မှာ သေနတ်အတုတွေနဲ့ ပစ်ကြ‌ခတ်ကြတဲ့ ကစားပွဲလေးတစ်ခုလုပ်တယ်။ အဲဒီပွဲမှာ လူတစ်ယောက် ကျည်အစစ်မှန်ပြီး သေသွားတယ်။ ပြဿနာက သူ့အလောင်းက ရဲအရေးပိုင်နယ်မြေ နှစ်ခုရဲ့ ကြားထဲကျနေတော့ ဒီအမှုက ဟိုဘက်စခန်းနဲ့ဆိုင်သလို ဒီဘက်စခန်းနဲ့ ဆိုင်သလိုလို တိုင်ပတ်‌သွားပြီးနောက် ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်း အမှုအတူတူလိုက်ကြတယ်။သေတဲ့လူက မြို့ခံဂန်းစတားအကြီးစားရဲ့ ရှေ့နေဆိုတော့ မြို့ခံလူမိုက်တွေကို စုံစမ်းရာက နောက်ဆုံး နိုင်ငံရေးသမားတွေအထိ ဆက်နွယ်လာပြီး နောက်ထပ်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် သေလာတဲ့အခါမှာတော့.....2017က County Line ရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူ့အဆက်ကားပါ။ 2017ကားက အရာရှိ ကလင့်သရုန်းအနားယူပြီးတဲ့နောက် အရာရှိအသစ်ရောက်လာတဲ့ အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ Bansheeတို့ ဘာတို့လို မြို့လေးတစ်မြို့မှာ မြို့ခံလူမိုက်ဂိုဏ်းတွေနဲ့ မြို့ခံရဲအရာရှိတွေကြားက အရှုပ်အထွေးတွေကို ကြိုက်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တရားခံ ဖြစ်နိုင်တဲ့လူတွေ အများကြီးပြပြီး ပြန်ရွေးထုတ်သွားတာလေးလည်း ကောင်းပါတယ်။ စုံထောက်ကားတွေကြည့်ပြီး တရားခံကိုခန့်မှန်းကြည့်ရတာ ကြိုက်ရင် ကြည့်ကြည့်ပါ။ ...
movie

County Line: All In (2022)

Schoolhouse (2018) N/A
Schoolhouse (2018) Burnt offering (2018) မားကတ်စ်၊လု၊ဂျေး နဲ့ ဗစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး ၄ယောက်က နံရံတွေပေါ်မှာ Graffitiရေးရတာ ဝါသနာပါတဲ့သူတွေပါ ဒါပေမယ့်လဲ သူတို့ဝါသနာက အများပိုင်နံရံတွေမှာရေးဆွဲတဲ့အခါ ပြစ်မှုမြောက်တဲ့အတွက်ရဲကလိုက်ဖမ်းပါတော့တယ် ပြေးရင်းလွှားရင်းနဲ့ပဲ စွန့်ပစ်ထားတဲ့ အိမ်ကြီးတစ်အိမ်ထဲ ဝင်ပုန်းကြရင်း ရဲကိုမျက်ခြေဖျက်နိုင်ခဲ့ကြပါတယ် နောက်မှသိလာရတာက သူတို့ဝင်ပုန်းတဲ့နေရာက အိမ်မဟုတ်ဘဲ စွန့်ပစ်ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်နေတာပါပဲ ဒီလိုနဲ့ လူငယ်သဘာဝလျှောက်ကြည့်ကြရင်း ဒီကျောင်းမှာ သူတို့ပဲရှိနေကြတာမဟုတ်မှန်း တစစ သိလာခဲ့ပါတယ် ဒီနောက်မှာတော့ သူတို့၎ယောက် ကျောင်းကြီးထဲကပြန်ထွက်လာနိုင်ပါ့မလား ရောက်နှင့်နေတဲ့သူတွေကရော ဘယ်သူတွေလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကိုယ်တိုင်ပဲဆက်လက်ရှုစားပါ   ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပါတယ်
movie

Schoolhouse (2018)

2018