Channel Myanmar

Daniel Chan Hiu-Tung

The Journey of Flower ( 2024 ) 5.8
The Journey of Flower ( 2024 ) ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်း နာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Duling ချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ် Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbin ဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ် Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာ သူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ် အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော်နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေ လူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ် မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲ သူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့ ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီး ချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ် နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့် ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့ ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့ ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့ ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူး Series ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့် အမြင်တစ်မျိုးလေးဖြစ်သွားအောင် ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ် Quality ...
movie

The Journey of Flower ( 2024 )

The Lucky Guy (1998) 6.1
The Lucky Guy (1998) The Lucky Guy (1998)IMDB(6.1)စတီဖင်ချောင်ရယ် အဆိုတော်မင်းသားနှစ်ယောက်ရယ် မင်းသမီး Shu Qi တို့ရယ် တခြားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့Comedy Drama ဇာတ်ကားပါ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ ...
movie

The Lucky Guy (1998)