Channel Myanmar

David Arquette

Never Been Kissed (1999) 6
Never Been Kissed (1999) Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie

Never Been Kissed (1999)

1999
Buffy the Vampire Slayer (1992) 5.7
Buffy the Vampire Slayer (1992) Buffy the Vampire Slayer (1992)90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ...၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ...
movie

Buffy the Vampire Slayer (1992)

1992
Mope(2019) 5.3
Mope(2019) Mope(2019)သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Tom Dong နဲ့ Steve Driven တို့ဟာစိတ်တူ ကိုယ်တူ ဘော်ဒါတွေဖြစ်ကြတယ်...သူတို့ရဲ့အတူညီဆုံးသော ဝါသနာက Porn star ဖြစ်ချင်တဲ့ အိမ်မက်ပါပဲ...ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ Porn ဇာတ်လမ်းတွေကိုရိုက်တဲ့လူတွေဆီမှာ အလုပ်လုပ်ခဲ့ကြတယ်...သူတို့တွေနည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြတယ်...ထုတ်လုပ်သူတွေ ဒါရိုက်တွေက အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်....သူတို့(၂)ယောက် ဒီဇာတ်ရုပ်နဲ့ မလိုက်ဘူးဆိုတဲ့မှတ်ချက်နဲ့ပေါ့...ဒါပေမယ့်လည်း ဇွဲမလျှော့ပဲနဲ့ သူငယ်ချင်းနှစ်ယောက်နည်းယောက်ဟာမရ ရအောင်ကြိုးစားမယ်ဆိုပြီး ရှေ့ဆက်လျှောက်ဖို့ ဒီလမ်းကိုပဲဆက်ရွေးဖို့ဆုံးဖြတ်ခဲ့ကြတယ်...သူတို့(၂)ယောက် အောင်မြင်တဲ့ Porn Star ဖြစ်မလား.... ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ....ဆိုတာကိုတော့ စာနာ တတ်တဲ့နှလုံးသားရှိရင် ဒေါင်းကြည့်လိုက်ပါ...18+ ကားမို့ ကလေးသူငယ်နဲ့မိသားစုလိုက်မကြည့်သင့်ပါ...File Size : (900 MB) and (425 MB) Quality : WEB-DL 720p Format…mp4 Duration…01:45:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yum Yum Encoded by ...
movie

Mope(2019)

Eight Legged Freaks(2002) 5.5
Eight Legged Freaks(2002) Eight Legged Freaks(2002)(unicode)ဝေးလံခေါင်ဖျားတဲ့ သတ္တုတွင်းအခြေစိုက်မြို့လေးတစ်မြို့မှာ ဓာတုပစ္စည်းတွေ ယိုဖိတ်ရာကနေ ပင့်ကူမွေးမြူရေးစခန်းက ရာချီတဲ့ ပင့်ကူတွေဟာ ကားတစ်စီးစာအရွယ်အစားအဖြစ်ကို ညတွင်းချင်းကြီးမားသွားပါတော့တယ်။ အဲ့ဒါကိုတားမြစ်ရမယ့်သူတွေကတော့ မိုင်းတွင်း အင်ဂျင်နီယာ ခရစ်မက်ကော်မနက် ရဲအရာရှိ ဆမ်ပါကား နဲ့ ဆမ်ရဲ့သား ပင့်ကူတွေအကြောင်း ကျွမ်းကျင်တဲ့ မိုက်ခ်ဆိုတဲ့ ကလေးတစ်ယောက်ရယ် မြို့နေ လူတစ်စုရယ်ပါပဲ။ တစ်မြို့လုံးကို ဖုံးလွှမ်း အန္တရာယ်ပေးလာမယ့် ပင့်ကူတွေကို သူတို့ ဘယ်လိုရင်ဆိုင်မလဲ? ဝေးလံလွန်းတဲ့ ဒေသဖြစ်တဲ့ အပြင် တစ်ခြားဒေသတွေနဲ့လဲ အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါ ဘယ်သူ့ဆီက အကူအညီရယူရမလဲ? Eight Legged Freaks ဟာ အကောင်ကားတွေလို့ခေါ်ကြတဲ့ Monster movies တွေခေတ်စားတဲ့ 90s 20s ဝန်းကျင်က မြန်မာပြည်က ခွေဆိုင်တွေမှာပါ အတော်ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ အကောင်ကားဆိုပေမယ့် Pg 13 ပဲဖြစ်တဲ့အတွက် သွေးထွက်သံယိုကြမ်းတမ်းတဲ့ပြကွက်တွေ မပါဝင်ပဲ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးဖြစ်တဲ့ ကားတစ်ကားပါပဲ။ ...
movie

Eight Legged Freaks(2002)