Channel Myanmar

Del Pentecost

O Brother, Where Art Thou? (2000) 7.7
O Brother, Where Art Thou? (2000) O Brother, Where Art Thou?(2000) IMDb....7.7/10_______Rotten - 77%  အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ.... တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်.... ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်.... ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်.... သူတို့ ထောင်ကလွတ်မြောက်မလား...ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား.... ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး........ ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး ပညာသားပါပါလေးရိုက်ကူးပြထားတာပါ...အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ... 1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင် Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်... Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk ...
movie

O Brother, Where Art Thou? (2000)

2000