Channel Myanmar

Demián Salomón

Satanic Hispanics (2022) 5.7
Satanic Hispanics (2022) Satanic Hispanics (2022)~ IMDb - 5.7/10, Rotten Tomatoes - 91% ~"Satanic Hispanics" ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။~ ဇာတ်လမ်းအညွှန်း ~စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ "သွားလေသူ" လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ ...
movie

Satanic Hispanics (2022)

2022
When Evil Lurks (2023) 7.2
When Evil Lurks (2023) When Evil Lurks (2023)~ IMDb - 7.2/10, Rotten Tomatoes - 99% ~ဒီနှစ်ရဲ့ ရှားရှားပါးပါး ဟော်ရာကားကောင်းပါ။ မနှစ်ကတော့ ဟော်ရာကားအလန်းစားတွေ သောက်သောက်လဲထွက်ခဲ့သလောက် ဒီနှစ်တော့ ဟော်ရာကားခပ်လန်းလန်း တော်တော်ရှားသွားပါတယ်။ ထွက်ဖို့တော့ ရှိသေးပေမဲ့ အခုထိတော့ ကောင်းကောင်းတန်းတန်းတော်တော်ရှားပါတယ်။ ဒီလိုအခြေအနေထဲမှာမှ အာဂျင်တီးနားဒါရိုက်တာရိုက်တဲ့ ဟော်ရာကား အလန်းစားတစ်ကားထွက်လာပါတယ်။ သိရသလောက်ဆို ၂၀၂၃လက်ရှိအထိ ထွက်ခဲ့တဲ့ဟော်ရာကားတွေထဲ အလန်းဆုံးလို့ပြောလို့ရပါတယ်။ ဒီကားကလည်း လန်းသလို တခြားကားတွေကလည်း စွံမနေဘူးကိုး။ သို့ပေမဲ့လည်း Rotten Tomatoes Rating အရရော၊ IMDb Rating အရရော ကျွန်တော်တို့ဆီ မထွက်သေးတဲ့ နာမည်ကြီးကားတွေရဲ့ Rating ထက်ကို သာနေတယ်။ ဇာတ်ကလည်း ဇွတ်ဖြဲခြောက်မဟုတ်ဘဲ အထာကျတယ်။ ရုတ်တရက်အလန့်တကြားအခန်းတစ်ခန်းပေါ်လာလို့ လန့်ဖြန့်ပြီး အကြည့်လွှဲမယ်လည်းမကြံလိုက်နဲ့။ ဇာတ်ဘာဖြစ်သွားလဲ မသိရဘဲဖြစ်သွားမယ်။ ဇာတ်ရော ခြောက်လုံးရော ...
movie

When Evil Lurks (2023)

2023