Channel Myanmar

Devon Werkheiser

Bad Sister (2015)
Bad Sister (2015) Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie

Bad Sister (2015)

2015
Crown Vic (2019) 6.3
Crown Vic (2019) ဒီကားလေးကတော့ IMDb 6.3 ရထားတဲ့ ကားလေးပါအခုမှသူ့မွေးရပ်နေရာကိုပြန်လာပြီး ရဲအလုပ်လုပ်ရင်းပထမဆုံးကင်းစလှည့်မယ့်ဟိုလန်တစ်ယောက်ကိုသူ့ရဲ့အထက်လူကြီးသူနဲ့အတူကင်းလှည့်ပြီးတာဝန်တွေလုပ်ငန်းစဥ်တွေသင်ကြားပြသပေးမယ့်ရဲတစ်ယောက်တို့ရဲ့တစ်ညတာကင်းလှည့်ပြီး အမှုတွေဖြေရှင်းတာကိုရိုက်ကူးထားတာပါဟိုလန်တစ်ယောက်ရဲသင်တန်းကနေကျင့်ဝတ်လမ်းစဥ်တွေသင်ယူခဲ့ရပေမယ့်တကယ်ကင်းလှည့်တဲ့အချိန်မှာတော့ အခြေအနေအချိန်အခါတွေကွဲ ပြားသွားတဲ့အခါကင်းလှည့်ရင်းလူမျိုးစုံပုံစံမျိုးစုံအန္တရာယ်မျိုးစုံကိုရင်ဆိုင်ရတဲ့အခါသူ့အထက်လူကြီးရဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိပြီးနောက်ဆုံးဘဏ်ကိုဓါးပြတိုက်သွားတဲ့လူတွေကိုပါဖမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာဒီဇာတ်လမ်းကတစ်ညတာကင်းလှည့်ပြီးသူတို့နိုင်ငံရဲတွေရဲ့လုပ်ငန်းတာဝန်တွေလူဆိုးဖမ်းတာတွေကိုသေချာရိုက်ပြထားတဲ့ကားလေးတစ်ကားဖြစ်တာကြောင့်ဒီလိုဇာတ်အိမ်မျိုးကိုသဘောမကျတဲ့သူတွေအတွက်တော့ပျင်းဖို့ကောင်းလောက်ပေမယ့်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည့်ရတန်မယ့်ကားကောင်းလေးပါ File Size : ( 1 GB , 404 MB )Quality : WEB-DL 720pRunning Time : 1 hr 50 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by ...
movie

Crown Vic (2019)