Channel Myanmar

Digpal Lanjekar

Subhedar (2023) 7
Subhedar (2023) Subhedar 2024 (တပ်မှူးကြီး တန်ဟာဂျီရာဝ်) IMDb - 8.1/10ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တပ်မှူးကြီး တန်ဟာဂျီရာဝ်ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသသွားမယ့် သမိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အရှင်ရှီဗာတို့ရဲ့ ခေတ်မှာ ဆူလတန်တွေဟာ အရမ်းကို သောင်းကြမ်းလွန်းနေပြီး မိန်းကလေးတွေကိုလည်း ကျွန်ပြုရောင်းစားတာမျိုးတွေ ပြုလုပ်တဲ့အထိ ဆိုးဝါးလို့နေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ အရှင်ရှီဗာဟာ သူရဲ့မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဆီကို သွားလည်ရင်းနဲ့ လယ်စိုက်နေတဲ့ မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဟာ အရှင်ရှီဗာရဲ့ လက်အောက်မှာ ဓားကိုင်ပြီး တိုင်းပြည်အတွက် တိုက်ခိုက်ခြင်းကြောင်းပြောပြီး လိုက်ပါလာခဲ့ပါတော့တယ်။ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့ သတင်းထွက်လာတဲ့ ကိုနာဒါခံတပ်ကို အရှင်ရှီဗာဟာ သိမ်းပိုက်ဖို့လုပ်တဲ့အခါမှာတော့ သူ့ရဲ့လက်ရုံး တန်ဟာဂျီရာဝ်က ဦးဆောင်ပြီး တိုက်ခိုက်ပေးရပါတော့တယ်။ ဒီလိုနဲ့ ဆိုးဝါးသောင်းကြမ်းလွန်းနေတဲ့ ဆူလတန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ .... ဝက်ဝံကြီးနဲ့ တစ်ယောက်ချင်းတိုက်နိုင်တဲ့အထိ ရဲစွမ်းသတ္တိကြီးတဲ့ တပ်မှူးတစ်ယောက် ကိုနာဒါခံတပ်ကို ဘယ်လိုတွေ တိုက်ခိုက်ချေမှုန်းသွားမလဲ ........ဆိုတာတွေကိုကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေနဲ့အတူ ကြည့်ရှုရမယ့် သမိုင်းဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~Zwe~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…2.71GB / 1.2GB Quality…WEB DL 1080p / ...
movie

Subhedar (2023)

2023
Sher Shivraj (2022) 8.3
Sher Shivraj (2022) Sher Shivraj (2022) *************************** IMDb-8.3/10ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ..... လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်..... နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ..... အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်.... သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကို ဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါ ကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့ အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကို အကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့် ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ် စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာက ဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့ တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ် ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ် လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလို မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့ စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.3GB Quality…1080p WEBRIP  / 720p  Format…mp4 Duration….2h 23m Subtitle….Myanmar ...
movie

Sher Shivraj (2022)

2022