Channel Myanmar

Dong Xuan

The Tipping Point ( 2022 ) 5.8
The Tipping Point ( 2022 ) CM ကနေ ရုပ်ရှင်ကားကောင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးနေကျဖြစ်သလို အခုတစ်ခါမှာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ငွေကြေးခဝါချမှုတွေ တရားမဝင်ငွေချေးမှုတွေ အကြောင်းရိုက်ကူးထားတဲ့ ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသူလေး ကျောက်ရွှယ်နင်တစ်ယောက် ချေးငွေကိစ္စနဲ့ပက်သက်ပြီး အာမခံကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားခဲ့ပါတယ်ဝမ်းဟိုင်မြို့မှာ တာဝန်ကျတာမကြာသေးတဲ့ မှုခင်းရဲအရာရှိ ချန်ရွေ့တစ်ယောက်က ဒီအမှုကို လက်ခံပြီး ရှာဖွေစုံစမ်းရာမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိလာခဲ့ပါတယ်အဲ့နောက်မှာတော့ အထက်အရာရှိ စခန်းမှူးတုက ဒီအမှုကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ခိုင်းပါတော့တယ် ချန်ရွေ့တစ်ယောက် ဒီအမှုရဲ့ကြိုးစကို စတင်ဖြည်ရင်း ပိုပိုရှုပ်ထွေးလာမှန်းသိလိုက်ရပါတယ် အာမခံကုမ္ပဏီအပြင်ကို မြို့ရဲ့ မျက်နှာဖုံး စီးပွားရေးသမား အန်းယိမင်နဲ့သူ့ဇနီး ကျိုးထုံတို့လည်း ပါဝင်ပက်သက်နေတာကို သိလိုက်ရပါတယ် တွင်းနက်လေလေ နှိုက်ရခက်လေလေဆိုတော့ ဒီဝမ်းဟိုင်မြို့မှာ မကောင်းမှုပပျောက်ရေးလှုပ်ရှားမှုကို ဘယ်လိုမျိုး ပြီးမြောက်အောင် လုပ်ဆောင်သွားမှာလဲ ဒီအမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံစည်တွေ ရှိနေမှာလဲဆိုတာကိုတော့ ခုတင်ဆက်ပေးမယ့် ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်~~~~~~~~ [ Reviewed By Kyawt ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 14 ...
movie

The Tipping Point ( 2022 )

Angry Scalper (2021) 6
Angry Scalper (2021) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးကတော့... '2018' က ဆုန်းဂျီဟိုနဲ့ မင်းသားကြီး လီဒုန်ပါဝင်သရုပ်ဆောင်ထားတဲ့ "unstoppable" ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာပါဒီဇာတ်လမ်းလေးမှာတော့... ပါးထူဟာ ရိုးသားပြီး ကြိုးစားတဲ့လူတစ်ယောက်ပါသူ့မှာ ထာနာလို့ခေါ်တဲ့ ချစ်ဇနီးတစ်ယောက်လည်းရှိပါတယ် တစ်နေ့ပါးထူတို့လင်မယားနှစ်ယောက် လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ကြရင်း တစ်ဖက်ကားရှင်ဂန်းစတားတစ်ယောက်က ထာနာကို မျက်စိကျသွားကာ ညတွင်းချင်း ပါးထူမရှိခိုက်ထာနာကို ပြန်ပေးဆွဲသွားပါတယ် ပါးထူပြန်ရောက်ချိန်မှာတော့ သူ့ရဲ့ ဇနီးကပျောက်ဆုံးနေပြီးနောက်နေ့မှာပဲ ပိုက်ဆံပေးပြီး သူ့မိန်းမကို ဝယ်လိုက်ပြီလို့ ဖုန်းကောလ်တစ်ခုလက်ခံရခဲ့ပါတယ် အဲ့ဒီအချိန်မှာ ပါးထူတစ်ယောက် သူ့ရဲ့ သူငယ်ချင်းလောင်ကျောင်းအလွတ်တန်းစုံထောက် စုန့်ချိုက်တို့နဲ့အတူ သူ့မိန်းမကို ဘယ်လိုအခက်အခဲတွေကြားထဲမှာ ကယ်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ Quality : WEB-DL 1080pFormat: mp4During : 1h 18minGenres : Action , CrimeSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin ...
movie

Angry Scalper (2021)