Channel Myanmar

Dongdong Xu

Closed Doors Village (2014)
Closed Doors Village (2014) အိမ်တစ်အိမ်မှာ လူမရှိရင် တံခါးပိတ်ထားတတ်ကြတယ်မလား ? အဲ့ဒီလိုပဲ ရွာသားတွေတစ်ယောက်မှမရှိလို့ အဲ့ဒီရွာကို “တံခါးပိတ်ရွာ” လို့နာမည်ပြောင်းခေါ်လာကြပါတယ်။ တံခါးပိတ်ရွာလေးက အရင်က “လေသာရွာ” လို့ခေါ်ပါတယ်။ နာမည်နဲ့လိုက်အောင် ရွာသားတွေအများကြီးနဲ့ သာယာနေတဲ့ရွာလေးပေါ့။ အဲ့ဒီရွာလေးက အခုတော့ခြောက်ကပ်ခြင်းအတိနဲ့ တိတ်ဆိတ်နေရပါပြီ ။ဟူတုန်းဟိုင်တို့ လမ်းတံတားပြုပြင်ရေးအဖွဲ့က ပရောဂျက်တစ်ခုပြသာနာတက်လို့ တံခါးပိတ်ရွာလေးကို ဖြတ်သန်းသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ထုံးစံအတိုင်း ညနက်သန်းခေါင်အချိန် တောလမ်းမကြီးမှာ ဘီးပေါက်ပြီး မီးအလင်းရောင်ရှိတဲ့ရွာထဲ အကူအညီတောင်းဖို့ရောက်သွားတယ်ပေါ့။ရွာထဲဝင်ပြီးကာမှ မီးအလင်းရောင်လည်းမတွေ့ရ။ ခြံအဟောင်းကြီးထဲမှာ တဝဲလည်လည်ဖြစ်နေတုန်း အတူတူပါလာတဲ့သူငယ်ချင်းနဲ့လည်း လူစုကွဲသွားပါတယ်။ မရှိမဲ့ရှိမဲ့ သတ္တိကိုစုစည်းပြီး ဟူတုန်းဟိုင်တစ်ယောက် လမ်းပျောက်နေတုန်း ခြံပိုင်ရှင်လင်မယားနဲ့တွေ့ပြီး ရွာကြီးအကြောင်းမေးကြည့်တဲ့အခါ.... အဲ့ဒီရွာကြီးမှာ ရွာသားတွေဘာလို့မရှိကြတာလဲ? ဟူတုန်းဟိုင်ကရော အဲ့ဒီရွာကြီးနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲဆိုတာ ကြောက်ကြောက်နဲ့ပဲ ဆက်ကြည့်လိုက်ပါတော့နော်။ File size…540MB Quality…720p WEBRIP Format…mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JoJoVa
movie

Closed Doors Village (2014)

Escape of Shark (2021) 5.5
Escape of Shark (2021) Bဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့...ဝမ်လေဟာ အရင်က ငါးမန်းတစ်ကောင်ကြောင့် သူ့ရဲ့ချစ်ဇနီးလေးကို ဆုံရှုံးလိုက်ရကာ ကျွန်းပေါ်မှာပဲ သောက်လိုက်စားလိုက်နဲ့ ပေတေပြီးနေနေတဲ့ ရေကူးချန်ပီယံဟောင်းတစ်ယောက်ပါ ဒါ့အပြင် ဝမ်လေက ကျွန်းပေါ်ဟိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်တစ်နေ့ အဲ့ဒီကျွန်းပေါ်ဟိုတယ်လေးမှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ပါတီကျင်းပပြီးနောက်ရက်မှာပဲ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ငလျင်အကြီးစားတစ်ခု ဖြစ်ပွားခဲ့ပါတယ် အဲ့ဒီငလျင်ကြောင့် ဟိုတယ်တစ်ခုလုံး ရေလွှမ်းသွားပြီး ငါးမန်းတစ်ကောင်ပါ ရေလှိုင်းတွေနဲ့အတူပါလာတဲ့အခါမှာတော့...တည်းခိုသူတွေထဲမှ အသက်ရှင်ကျန်ရစ်သူတွေကို ဝမ်လေတစ်ယောက် ဘယ်လိုမျိုး သက်စွန့်ဆံဖျား ဟိုတယ်အပြင်ဖက်ဆီသို့ ခေါ်ထုတ်သွားမလဲဆိုတာကို သည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားကြရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )File Size__1.2 GB , 650 MB Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:10:00 Type__Action , Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Escape of Shark (2021)