Channel Myanmar

Donna Biscoe

The Beach House (2018) N/A
The Beach House (2018)   CM Fan တွေအတွက် မိသားစု အတူကြည့်ရှု့သင့်တဲ့ မိသားစု သရုပ်ဖော် ဇတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ကား မှာဆိုရင် အလုပ်တွေ အရမ်းကြိုးစားတဲ့ ကာရာ ဟာ အချစ်ရေးမှာလဲ အဆင်မပြေခဲ့သလို အလုပ်မှာလဲ အဆင်မပြေတွေ ဖြစ်ပြီးတဲ့နောက် အမေရှိရာ သူမကြီးပြင်းခဲ့ရာ မြို့ကို တစ်ခေါက် ပြန်ရောက်လာခဲ့တယ် သူမ အမေဆီ မရောက်တာ နှစ်တွေ အတော်ကြာသွားပါပြီ အမေကတော့ သူမ ဘာဖြစ်လာတယ် ဆိုတာ မသိပေမဲ့ နွေးထွေးစွာကြိုဆိုခဲ့ပါတယ်.... ဒါပေမဲ့ တစ်ယောက်ထဲ အထီးကျန်နေတဲ့ အမေ ဟာ နေထိုင်စရာမရှိပဲ လင်ကောင်မပေါ် ဗိုက်တစ်လုံးနဲ့ ဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကိုပါ အိမ်ပေါ် ခေါ်တင်ပေးထားတာ သိလိုက်ရပါတယ် သူမ မနှစ်သက်ပေမဲ့ ဘာမှတော့ အတွန့်မတက်ဖြစ်ပါဘူး.... ကာရာ ဟာ အမေ နဲ့ အတူ မရှိတာ ကြာပြီးနောက် သူမ အမေကြောင်းကို သိပ်မသိတဲ့ သူစိမ်းတစ်ယောက်လို ဖြစ်သွားခဲ့ကြောင်း တစ်ဖြေးဖြေး သိလာခဲ့ပါတယ် သူမ အမေကတော့ သားသမီးတွေ ခေါ်ရာမြို့ကြီးနောက် မလိုက်ဖြစ်ပဲ သူချစ်တဲ့ ပင်လယ်ပြင်ကြီး နဲ့ ဒီမြို့မှာပဲ ဖက်တွယ်နေခဲ့ပါတယ်.... ဇတ်လမ်းလေးက အေးမလိုလို နဲ့ မိသားစု မေတ္တာသရုပ်ဖော် ဇတ်လမ်းလေး ဖြစ်ပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အတွက်ပါ တစ်စေ့တစ်စောင်း ဖော်ပြထားပါတယ်... ဆက်လက်ကြည့်ရှုလိုက်ကြပါ....     File ...
movie

The Beach House (2018)

2018
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး 7.4
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး IMDb rating 7.4/10 ရရှိထားပြီး Rotten Tomatoes 77% ရထားသော မိခင်တယောက်ရဲ့မေတ္တာကို ပြသထားတဲ့ ကားလေးတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဘန်ဟာ အငြိမ်းစား စာရေးဆရာတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်ကမှ သားတစ်ယောက်ကို ဆုံးရှုံးထားသူပါ လက်ရှိမှာတော့ အလုပ်လက်မဲ့ဖြစ်ကာ ပြုစုစောင့်ရှောက်ရေးအလုပ်လက်မှတ်လဲ ရရှိထားသူဖြစ်ပါတယ် ကံကောင်းစွာပဲ ပြုစုစောင့်ရှောက်ရမယ့်အလုပ်တစ်ခုရရှိခဲ့ပေမယ့် ကံဆိုးစွာပဲ သူပြုစုစောင့်ရှောက်ပေးရမယ့် ထရေဗာ ဆိုတဲ့ ကလေးဟာ အောက်ပိုင်းမသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး ကလန်ကဆန် လုပ်တတ်တဲ့အကျင့်ရှိလို့ လာသမျှ ပြုစုစောင့်ရှောက်ရေးသမားတိုင်းနဲ့ မတည့်ပါဘူး အလုပ်လိုနေတဲ့ ဘန်နဲ့ ကလန်ကဆန်လုပ်တတ်တဲ့ ထရေဗာတို့တွေ့ပြီး ဘယ်လိုတွေဖြစ်ကြမှာလဲဆိုတာ ဘယ်လိုပုံစံမျိုးတွေ ပြုစုစောင့်ရှောက်ပေးရမလဲဆိုတာ တော့ ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာပါ ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ Poe Thinzar Kyaw ကရေးသားပေးထားတာပါဗျDownload On Pcloud
movie

The Fundamentals of Caring (2016) မြန်မာစာတန်းထိုး

2016