Channel Myanmar

Doug E. Fresh

Grass is Greener (2019) 7.1
Grass is Greener (2019) အများမျှော်လင့်တောင်းဆိုနေကြတဲ့ ၂၀၁၉ ခုနှစ်ထဲ ထွက်ရှိထားတဲ့ Grass is Greener ဆိုတဲ့ Documentary ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်….IMDb အနေနဲ့ 7.1/10 ရရှိထားပါတယ်ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မေရီဝါနာခေါ် ဆေးခြောက်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေ လူမျိုးရေးကိစ္စတွေမူးယစ်တိုက်ဖျက်ရေးတွေနဲ့ ပြဿနာတက်ခဲ့ပုံတွေအမေရိကန်သမ္မတတွေက ဆေးခြောက်နဲ့တကွ ဆေးခြောက်သုံးစွဲသူတွေကို ဖိနှိပ်ခွဲခြားခဲ့ပုံတွေဆေးခြောက်နဲ့ပတ်သက်ပြီး မဟုတ်မမှတ် ဝါဒဖြန့်ခဲ့တာတွေကို တိတိကျကျ ဖော်ပြထားတဲ့ ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…ဒီရုပ်ရှင်ထဲမှာ ဆေးခြောက်နဲ့ပတ်သက်တာတွေကို ဖော်ပြထားခြင်းအားဖြင့် ဆေးခြောက်နဲ့ ဆက်စပ်နေတဲ့ ဂီတသမိုင်းကြောင်းတွေကိုလည်း တီးမိခေါက်မိဖြစ်သွားမှာဖြစ်တဲ့အတွက်ဆေးခြောက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် ဂီတသမိုင်းဆိုင်ရာ ဗဟုသုတတချို့ကိုလည်း တီးခေါက်မိသွားမှာပါ….အမေရိကန် နိုင်ငံရေးအပါအဝင်ပေါ့...Hip Hop … Jazz…နဲ့ Reggae ဂီတတွေ ရဲ့ Legendary အချို့ကို အင်တာဗျူးထားတဲ့ ကဏ္ဍတွေလည်း စုံစုံလင်လင်ပါရှိပါတယ်မေရီဂျိန်း ပရိသတ်တွေသာမက အခြားပရိသတ်တွေလည်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်“မေရီဂျိန်းဟာအပြစ်ကင်းတဲ့ သဘာဝပန်းပွင့်လေးတစ်ပွင့်ပါ”(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zuel Khant ...
movie

Grass is Greener (2019)

2019