Channel Myanmar

Douglas M. Griffin

DeepWater Horizon (2016) 7.3
DeepWater Horizon (2016)   သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ...
movie

DeepWater Horizon (2016)

2016
10 Cloverfield Lane (2016) 7.2
10 Cloverfield Lane (2016) 10 Cloverfiled Lane (2016) IMDb (7.2/10)...Rotten Tomatoes (90%)စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း …ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ ...
movie

10 Cloverfield Lane (2016)

2016