Channel Myanmar

Du Yuming

HUA MULAN ( 2020 ) 7.9
HUA MULAN ( 2020 ) ထုံးစံအတိုင်း ဗားရှင်းတမျိုးနဲ့ မူလန်ပေါ့ ဒါပေမယ့်ဒီမူလန်ဗားရှင်းကတော့ မဆိုးဘူးပြောရမယ်.မူလန်လေးနည်းနည်းမလှတာကလွဲရင် ဇာတ်ကားလေးကမဆိုးလှပါဘူးထင်ထားတာထက်ပိုပြီးကောင်းပါတယ်တခြားမူလန်မင်းသမီးထက်စာရင် မလှဘူးပဲပြောတာပါနော်ကြည့်ရင်းကြည့်ရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဒီမူလန်လေးလည်း ချစ်စရာကောင်းတာတွေ့ရပါလိမ့်မယ်ကိုယ်ခံပညာတော်ပြီး လူဆိုးဖမ်းရတာကိုနှစ်ခြိုက်တဲ့ မူလန်တစ်ယောက်လူဆိုးထိန်းဆီမှာ လူဆိုးဖမ်းဖို့အလုပ်တောင်းသော်လည်းမိန်းကလေးဖြစ်နေလို့လုပ်ချင်တာ လုပ်ခွင့်မရခဲ့ပါဘူးဒီအချိန်မှာ တိုင်းပြည်ကိုကျူးကျော်လာတဲ့ ရန်သူတွေကိုကာကွယ်ဖို့တစ်အိမ်တစ်ယောက်စစ်မှုထမ်းခေါ်ရာက ဖခင်ကိုယ်စားယောက်ျားလေးယောင်ဆောင်ပြီး တပ်ထဲဝင်ရောက်ခဲ့ပါတယ်သိုင်းပညာကိုပင်ကိုယ်ဝါသနာပါတဲ့မူလန်တစ်ယောက် တပ်ထဲမှာလည်းတပ်သားကောင်းတစ်ယောက်အနေနဲ့လေ့ကျင့်သင်ကြားနိုင်ခဲ့ပါတယ်စစ်ပွဲတွေအပေါ်မှာ သာမာန်လောက်သာအစက စိတ်ထဲထားခဲ့ပေမယ့်မိတ်ဆွေရင်းတစ်ယောက် တိုက်ပွဲကျသွားတဲ့အခါ... ခိုကိုးရာမဲ့ပြည်သူတွေမျက်စိရှေ့မှာသေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ သူ့အမြင်တွေပြောင်းလဲလာပြီးအောင်လံလွှင့်လိုစိတ်တွေ ပြင်းထန်လာပါတယ်ဘယ်လိုတွေအောင်မြင်အောင်တိုက်ခိုက်မလဲမူလန်ဇာတ်လမ်းကိုအမျိုးမျိုးပုံဖော်ရိုက်ကူးကြတဲ့အထဲမှာဒီကားလေးကလည်းတစ်မျိုးကောင်းပါတယ်ဒီဇာတ်လမ်းလေးကို မူလန်ကယ်တင်ထားခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့ချူးလိုက်ဟော်က အသက်ကြီးရင့်တဲ့အချိန် ပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်ဂျင်းတော့ဂျင်းပေမယ့် ရသမြောက်ဂျင်းလေးမို့ အားပေးကြည့်ရှုကြပါဦးနော်Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

HUA MULAN ( 2020 )

Battle In Wuhu Village ( 2019 ) 5.2
Battle In Wuhu Village ( 2019 ) 2019 ထွက်ဇာတ်ကားသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်...ရှေးခေတ်သိုင်းကားတော့မဟုတ်ပါဘူး..နောက်ပိုင်းထွက်တဲ့တရုတ်ကားတွေကိုဂျင်းတွေလို့ဆိုရလောက်အောင်ဖြစ်တဲ့ ဇာတ်ကားတွေရှိပေမယ့်လည်းဒီကားလေးကတော့မဆိုးဘူးလို့ပဲခံစားမိပါတယ်အညွှန်းကတော့.........မြို့စောင့်နတ်မင်းမျိုးဆက်ဖြစ်တဲ့တစ်ချိန်ကချင်းလွမ်အဖွဲ့မှာချင်းလွမ်အဖွဲ့ခေါင်းဆောင်ဖြစ်သူကျောက်စစ်ဟိုင်အဖေနဲ့ ထူစန်းအဖွဲ့ခေါင်းဆောင်ကယှဉ်ပြိုင်ကြရင်းလျို့ဝှက်လူတစ်ယောက်ကဝင်ရှုပ်လိုက်လို့ ကျောက်စစ်ဟိုင်အဖေကမြို့ကိုကာကွယ်ပေးရင်းသေဆုံးသွားခဲ့ရပါတယ်...ကျောက်စစ်ဟိုင်က ဝူဟူနယ်မြေမှာနေထိုင်ရင်းလှည့်ဖြားတဲ့နည်းနဲ့အိမ်နီးချင်းတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပြန်ရှာပေးတဲ့နေရာမှာတော်လွန်းလိုစုံထောက်ကျောက်လို့တစ်မြို့လုံးကအသိအမှတ်ပြု ကြပါတယ်...တစ်နေ့ဟုန်ရှို့ဂေဟာမှာအပျော်မယ်တစ်ယောက်ပျောက်ဆုံးနေတဲ့အမှုနဲ့ပတ်သက်ပြီးသူဌေးမဒမ်သုံးက ကျောက်စစ်ဟိုင်ကိုလူပြန်ရှာပေးဖို့အလုပ်လာအပ်သောအခါ...အဲ့ဒီဟုန်ရှို့ဂေဟာမှာပဲကျောက်စစ်ဟိုင်ကငယ်ချစ်ဦးညီမလေးကျင်ယွင်နဲ့ပြန်တွေ့ကြပြီး...အဲ့အချိန်မှာပဲမြို့တော်ကနေဝူဟူနယ်မြေမှာတာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ရဲအရာရှိကြီးတု...သူတို့သုံးယောက်အတူ ဟုန်ရှို့ဂေဟာကပျောက်ဆုံးမိန်းကလေးအမှုကိုအတူလိုက်စုံစမ်းဖို့ဖြစ်လာသောအခါ....အတူအမှုကိုဘယ်လိုဖော်ထုတ်ကြမလဲ...Battle Wuhu Village ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပြရစေနော်
movie
