Channel Myanmar

Edward Finlay

Hellblazers (2022) 4.5
Hellblazers (2022) ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing
movie

Hellblazers (2022)

2022
The Most Dangerous Game (2022) 5.0
The Most Dangerous Game (2022) ဆန်းဂါးရိန်းဖို့ဒ်နဲ့ သူ့ဖခင် နာမည်​ကျော်မုဆိုးမိတ်​ဆွေတစ်သိုက်ဟာ ကိုဒီယက်ဝက်ဝံ​​တွေကို ​အမဲလိုက်ဖို့ ကိုဒီယက်ကျွန်းကို ​​ရေ​ကြောင်း ခရီးထွက်ခဲ့ရင်း သင်္ဘော​ပျက်ပြီး ကျွန်းတစ်ကျွန်း​ပေါ်ကိုရောက်သွား ကြပါတယ်။သင်္ဘော​တွေ မကြာခဏပျက်တယ်လို့ နာမည်ရထားတဲ့ ကျွန်း​ပေါ်မှာ ဂျာမန်စစ်ပြန်တစ်​ယောက်နဲ့ သူ့တပည့်က ရှိ​နေပါတယ်။ထိုဂျာမန်စစ်ပြန်ကလည်း အမဲလိုက်တာဝါသနာထုံပြီး ဆန်းဒါးတို့​ကို ကမ္ဘာ​ပေါ်မှာ အခက်ခဲဆုံးသား​ကောင်ကို ဒီကျွန်း​ပေါ်မှာ အမဲလိုက်ဖို့ ဖိတ်​ခေါ်ခဲ့ပါတယ်။ထိုသား​ကောင်အ​ကြောင်းရိပ်မိတဲ့ ဆန်းဒါးတို့က မလိုက်ချင်​ကြောင်း ငြင်းတဲ့အခါမှာ​ ဂျာမန်​ကောင်က ဆန်းဒါးမှအပ ကျန်သူ​တွေကိုသတ်လိုက်ပြီး အချိန်၃ရက်ထိကြာတဲ့ သူ့ရဲ့အမဲလိုက် ကစားပွဲထဲ အတင်းအကျပ်ဝင်ပါ​စေပါ​တော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__(1.7GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:32:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
movie

The Most Dangerous Game (2022)