Channel Myanmar

Eita Okuno

March Comes in Like a Lion Part1 (2017) 6.6
March Comes in Like a Lion Part1 (2017) March comes in like a lion (2020)ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ ​professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက "ရေး"ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး ...
movie

March Comes in Like a Lion Part1 (2017)

[18+] A Flower Aflame Kashin (2016) 5.6
[18+] A Flower Aflame Kashin (2016) A Flower Aflame Kashin (2016)အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ ဟင်းလိုပါပဲ...ဒီဇာတ်ကားမှာတော့ ဆိုနိုကို ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိဘတွေ စီစဉ်ထားတဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ခဲ့ပါတယ်နှစ်အတော်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီး သားလေးတစ်ယောက်မွေးခဲ့ပေမယ့် သူ့ယောကျ်ားကို လုံးဝမချစ်ခဲ့တာကြောင့် အိမ်ထောင်ရေးသာယာမှု မရှိခဲ့ပါဘူး။အမျိုးသားဖြစ်သူက ရာထူးတိုးပြီး တိုကျိုမြို့ကို ပြောင်းလာခဲ့ပါတယ်။တိုကျိုမြို့ရောက်တော့ ဆိုနိုကို့အမျိုးသားရဲ့ အရာရှိ အိုချီနဲ့တွေ့မှပဲ ချစ်မိသွားပါတော့တယ်။နောက်ပိုင်း ဆိုနိုကိုတို့ အိမ်ထောင်ရေးက အဆင်ပြေပါ့မလား...အိုချီနဲ့ ဆိုနိုကိုတို့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး( ၁၈+ အခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး ) ဝတ္ထုကို ပြန်ရိုက်ထားတဲ့ drama, romance ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ် ။File Size__(1.77GB) / (850MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:36:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by ZERO
movie

[18+] A Flower Aflame Kashin (2016)

We Couldn’t Become Adults (2021) 6.5
We Couldn’t Become Adults (2021) We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie

We Couldn’t Become Adults (2021)

2021
Your Eyes Tell (2020) 7.1
Your Eyes Tell (2020) Your Eyes Tell (2020)မိုးအေးနေတဲ့ဒီလိုအချိန်တွေမှာ ကြည့်လို့ကောင်းမဲ့ Melo Drama ဇာတ်ကားတစ်ခုပါ။ Ryusei Yokohama နဲ့ Yuriko Yoshitakaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး Kpop group ဖြစ်တဲ့ BTS အဖွဲ့ရဲ့ "Your Eyes Tell" သီချင်းကို Theme Song အဖြစ်အသုံးပြုထားပါတယ်။အန်တိုနီယို ရေးက လက်ဝှေ့သမားဖြစ်ခဲ့ဖူးပေမဲ့ အတိတ်ကလုပ်ရပ်အမှားကြောင့် အတိတ်ကိုပြန်မပြောချင်တဲ့အထိ သူ့ကိုယ်သူ စိတ်နာနေတဲ့သူပါ။ "အကရီ"ကတော့ သူ့မိဘတွေနဲ့ခရီးသွားရင်း ကားမတော်တဆဖြစ်ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသူပါ။ထောင်ကထွက်လာပြီးတဲ့နောက် ရေးက လက်ဝှေ့ဆရာတွေဆီပြန်မသွားဘဲ ဇာတ်မြှုပ်ရင်း ကားပါကင်စောင့်တဲ့အလုပ်ကိုဝင်လုပ်ပါတယ်။အကရီက ရေးကို ကားပါကင်စောင့်တဲ့ဦးလေးလို့အထင်မှားပြီး ရေးနဲ့စကားပြောမိရာကနေ သူတို့နှစ်ဦးစပြီးဆုံကြပါတယ်။ဘဝကိုအရှုံးပေးထားတဲ့ ရေး က အမြင်ဆုံးရှုံးထားပေမဲ့ ဘဝမှာ ပျော်ပျော်နေနိုင်အောင်ကြိုးစားနေတဲ့ အကရီကိုကြည့်ပြီး ပြောင်းလဲလာပါတယ်။တစ်ဖက်မှာလည်း သူ့ရဲ့အတိတ်ဟောင်းတွေနဲ့အတူ အကရီရဲ့မျက်စိကွယ်ရတဲ့အကြောင်းအရင်းက ဆက်စပ်နေတဲ့အခါ...ရေးနဲ့အကရီတို့နှစ်ယောက် ဘာတွေဆက်ပြီးကြုံတွေ့ကြရမလဲ...ဒဏ်ရာတွေကို ဘယ်လိုကုစားဖေးမပေးကြမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှုပေးပါဦး။( အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie

Your Eyes Tell (2020)