Channel Myanmar

Elisabeth Röhm

Officer Down (2013) 5.5
Officer Down (2013) Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie

Officer Down (2013)

The Royal (2022) 6.8
The Royal (2022) The Royal (2022)~ IMDb rating - 6.8/10 ~ဒါကတော့ မိဘမေတ္တာဖွဲ့ မိသားစု ဒရာမာကားကောင်းလေးပါ။ ဝီလီဟာ ကမ္ဘာကျော် ဘေ့စ်ဘောသမားတစ်ယောက်ဖြစ်ခဲ့ပြီး... လောကဓံတရားကို မတွန်းမလှန်နိုင်တဲ့အခါ မူးယစ်ဆေးနွံနစ်ပြီး ထောင်နန်းစံခဲ့ရပါတော့တယ်။ထောင်ဒဏ်ဟာလည်း မသေးလှ၊ ၂၁နှစ်ဆိုပေမယ့် သူ့ရဲ့ကောင်းကောင်းမွန်မွန် နေထိုင်မှုကြောင့် ခံဝန်နဲ့ ၁၄နှစ်သာနေခဲ့ရပြီး လွတ်မြောက်လာခဲ့တယ်။ ဒီအပြစ်တွေကြောင့် သူလက်လွှတ်လိုက်ရတဲ့ မိသားစုတွေနဲ့ သူသိပ်မြတ်နိုးရတဲ့ ဘေ့စ်ဘောနောက်ကို ပြန်လိုက်ဖို့ ကြိုးစားပါတော့တယ်။ မိန်းမဖြစ်သူက နားလည်ခွင့်လွှတ်ပေးလိုက်ပေမယ့် သမီးလေး ကာမီလာကတော့ တစ်ဘဝလုံးပျောက်နေတဲ့အဖေကို တော်ရုံ ခွင့်မလွှတ်သလို လက်လည်းမခံပါဘူး။နောက်ပြီး ဘေ့စ်ဘောလောကကို ပြန်ဝင်ရောက်ချင်ပေမယ့် ငယ်ရွယ်နုပျိုမှုတွေ မရှိတော့တဲ့ ဝီလီတစ်ယောက် ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ပြန်ဝင်ရောက်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။Kansas City Royal အသင်းမှာ ကစားခဲ့တဲ့ ထိပ်တန်း အ​​မေရိကန် ဘေ့စ်ဘောသမား Willie Mays Aikens ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ...
movie

The Royal (2022)

2022
Ballbuster 2020 4.1
Ballbuster 2020 ပေါ့ပေါ့ပါးပါး ဟာသကားလေးတွေမှ ကြည့်ချင်တယ်ဆိုတဲ့လူတွေအတွက် ball busterလာပါပြီဗျာ ဒီကားလေးက အမေရိကန် ဘတ်စကတ်ဘောသမားကြီး Rich Johnson(1946-1994)ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို ၈၃ရာခိုင်နှုန်းနဲ့အထက် referenceယူပြီးရိုက်ကူးထားတာပါ ငယ်စဥ်ထဲက ဖခင်ရဲ့ အပြင်းအထန်လေ့ကျင့်ပေးမှုတွေကြောင့် ဘတ်စကတ်ဘောမှာ proတစ်ယောက်ဖြစ်ပေမဲ့ တော်တော့်ကို ဂွကျတဲ့လူတစ်ယောက်ပါ တစ်နေ့မှာ သူ့ရဲ့တလွဲအပြုမူတွေကြောင့် အပစ်ပေးခံရပြီး ရန်ပုံငွေအသင်းနဲ့ နယ်လှည့်ရန်ပုံငွေရှာဖို့ အကြောင်းဖန်လာပါတော့တယ် ပွဲထဲမှာ အနိုင်ယူဖို့ကလွဲပြီးဘာကိုမှ ဂရုမစိုက်တဲ့လူတစ်ယောက် သူ့ရဲ့ကမ္ဘာငယ်လေးထဲကနေထွက်ပြီး အပြင်လောကမှာ လူမျိုးစုံနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာ ဘယ်လိုတွေလွဲဦးမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပြုံးပြုံးကြီးစောင့်ကြည့်ရမှာဖြစ်ပါတယ် (တစ်ချို့နေရာတွေမှာ မိုက်ကယ်သားစစ်ရဲ့ အမျိုးတွေလား ထင်မှတ်မှားရအောင် ယဥ်ကျေးကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ် ဘော်ဒါတွေနဲ့ ကြည့်ရင် ပိုခွီးရမှာပါ)   File Size : 600 Gb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 26 min Genre :   Comedy, Sport Subtitle : Myanmar ...
movie

Ballbuster 2020

Adolescence (2018) 5.7
Adolescence (2018) တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပြေပြေပြစ်ပြစ်မရှိဘဲဖရိုဖရဲဖြစ်နေတဲ့မိသားစုမှမွေးဖွားလာခဲ့တဲ့အာဒမ်ဟာလှပပြီးတော့ နားလည်ရခက်ခဲတဲ့အဲလစ်စ်ဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့သွားတဲ့အခါမှာယခင်ကသူ့ရဲ့သွက်သွက်လက်လက်မရှိတဲ့အကျင့်စရိုက်တွေဟာပြောင်းလဲလာပါတော့တယ်အရင်ကလိုကြောက်ရွံ့ရွံ့ကောင်လေးတစ်ယောက်မဟုတ်တော့ဘဲပြောင်းလဲလာခဲ့တဲ့အာဒမ်ဟာ နောက်ပိုင်းမှာအဲလစ်စ်ကြောင့် ဘယ်လိုတွေလမ်းမှားရောက်ပြီးဒုက္ခတွေရောက်ဦးမှာလဲ...ဒီဇာတ်လမ်းလေးမှာ အပေါင်းအသင်းကြောင့် ဘ၀ကောင်းသွားနိုင်သလိုအပေါင်းအသင်းကြောင့်ပဲ ဘ၀ပျက်ဆီးသွားတတ်တယ်ဆိုတာကိုလဲတွေ့မြင်ရမှာပါ File Size : ( 994 MB) & (250 MB)Quality :Web-DL 720pRunning Time :1 hr 39 minFormat : Mp4Genre : Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Adolescence (2018)

2018
A Christmas Kiss(2011)
A Christmas Kiss(2011) IMDb....6.3 Christmas ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ကားလေးကို တင်ပေးရင်း  ကျွန်တော်တို့ channelmyanmarရဲ့အမှတ်တရအဖြစ်ကြံဖန်မှတ်ယူပေးကြပါ....မင်းသားရောမင်းသမီးရော ရူပါဖြူးတဲ့ကားလေးကိုအတတ်နိုင်ဆုံးရွေးထားပါတယ် .... ၀န်ဒီ ၀ဲတန် ဆိုတဲ့ကောင်မလေးဟာ ရည်မှန်းချက်ကြီးမားတဲ့ အိမ်အတွင်းပိုင်းအလှဆင်ဒီဇိုင်နာပေါ့။ သူမက ဘော့စတွန်မြို့ရဲ့နာမည်ကြီးဒီဇိုင်နာ ပရစ်ဆီလာ ဟောရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့သူပါ။ ၀န်ဒီက အလုပ်ကို အချိန်ပြည့်လုပ်တယ်။ ပရစ်ဆီလာ ခိုင်းသမျှ လိုအပ်သမျှကို တာဝန်ယူဖြည့်တင်းပေးတယ်၊ တစ်ညမှာတော့ ၀န်ဒီဟာ သူမအခန်းဖော်နဲ့ လှလှပပပြင်ပြီး အပြင်ထွက်ဖို့ကြံနေတုန်း သူမရဲ့သူဌေးဆီကနေ ဖုန်းလာခဲ့တယ်...အိမ်အလုပ်တွေလာလုပ်ပေးဖို့ပါ။ ပရစ်ဆီလာရဲ့မှာထားတာကြောင့် ပရစ်ဆီလာရဲ့တိုက်ခန်းကို ပြင်ဆင်ရင်း တစ်နေ့ သူမသူဌေးလို ကျော်ကြားတဲ့ဒီဇိုင်နာဖြစ်ဖို့ စိတ်ကူးယဉ်နေမိတာပေါ့။ တိုက်ခန်းကအထွက်မှာတော့ ဓာတ်လှေကားထဲမှာ ခပ်ချောချောကောင်လေးတစ်ယောက်နဲ့ ဆုံမိတယ်။ ဓာတ်လှေကားက ရုတ်ချည်းဆိုသလို စက်သေသွားတော့ ၀န်ဒီဟာ                ကောင်လေးရဲ့ လက်မောင်းပေါ် လဲကျသွားပြီးမမျှော်လင့်ပဲနမ်းမိသွားတယ်..ဒါကတော့ဇာတ်လမ်းရဲ့နိဒါန်းလေးဆိုပါတော့.      ...
movie

A Christmas Kiss(2011)

Once Upon a Time in Venice (2017) 5.3
Once Upon a Time in Venice (2017)   ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)  File Size : (700 MB) and (260 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw 
movie

Once Upon a Time in Venice (2017)

2017