Channel Myanmar

Epy Kusnandar

Mukidi (2024)
Mukidi (2024) Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ် File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukidi (2024)

2024
Killers (2014) 6.4
Killers (2014) Killers (2014) " Sound Error FIXED!!! " ~ IMDb - 6.4/10, Rotten Tomatoes - 73% ~အင်ဒိုနဲ့ ဂျပန် ဖက်စပ်ကားလေးဖြစ်ပြီး IMDb - 6.4/10 အထိ ရရှိထားတဲ့ Action, Crime ကားကောင်းတစ်ကားပေါ့။Nomura ကတော့ လူတိုင်းကို သူ့ရဲ့သားကောင်လို့မြင်တတ်တဲ့ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်‌ယောက်ဖြစ်ပြီး သူ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လေ့ရှိတယ်။ အင်ဒိုနီးရှား ဂျကာတာမြို့က ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Bayu ကတော့ သူဆောင်းပါးရေးတဲ့ အကျင့်ပျက်ခြစားသူကြောင့် အလုပ်အကိုင်လည်းပျက်၊ မိသားစုဘဝပါ ပျက်စီးခဲ့ရသူ။ တစ်နေ့မှာ Nomura တင်တဲ့ Video ကိုကြည့်မိပြီး သူ့ရဲ့စိတ်ခံစားချက်တွေ မသိမသာပြောင်းလဲသွားတယ်။ မတော်တဆမှုတစ်ခုဖြစ်ရာကနေ သူကိုယ်တိုင် လူသေမှုကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ပြီး ခံစားပါတော့တယ်။ဒီလိုနဲ့ Nomura နဲ့ ...
movie

Killers (2014)

2014
Mata Batin(2017) 6.3
Mata Batin(2017) Mata Batin(2017) ခမ်းနားထည်ဝါပြီးလှပတဲ့အိမ်ကြီးမှာတစ်ဦးကိုတစ်ဦးသိပ်ချစ်ကြတဲ့မိသားစုလေးယောက်နေကြတယ်.... မိသားစုတွေဟာ ချစ်ချစ်ခင်ခင်နေကြပြီး နေ့စဉ် သမရိုးကျပဲ ဘ၀ကိုဖြတ်သန်းနေကြတယ်... တစ်နေ့မှာတော့ သမီးအငယ်ဆုံးလေးရဲ့အခန်းကို တစ်ညမှာလူတစ်ယောက်ဝင်သွားတာကိုအစ်မဖြစ်သူကတွေ့လိုက်ရတယ်.. အငယ်ဆုံးလေးရဲ့ အခန်းကိုမှ လူစိမ်းတစ်ယောက်ဝင်သွားတယ်ဆိုတော့ အစ်မဖြစ်သူအတွက် တကယ့်ကို အံအားသင့်စရာပါပဲ.. သူတို့အိမ်မှာ ဒီလိုမျိုးအ၀င်အထွက်တွေယခင်က တစ်ခါမှ မဖြစ်ပျက်ခဲ့ဘူးတာကိုးး..ဒီကြားထဲ ဒီအိမ်ထဲကို အိမ်ခွဲနေတဲ့  သမီးအကြီးဆုံး လင်မယားကရောက်လာပြန်တယ်..အဲ့ဒီနောက် အိမ်မှာ ခပ်ဆန်းဆန်းအဖြစ်အပျက်တွေ ဆက်တိုက်လိုဖြစ်လာတယ်.. အဆန်းဆုံးကတော့ အငယ်မ လေးပဲ... ပရလောကနဲ့ အဆက်အသွယ်ရှိတယ်လို့ တစ်ချို့က ထင်ကြသလို စိတ်ထောက်ပြန်နေတယ်လို့လည်း တစ်ချို့ကထင်ကြတယ်...ကဲ ဒီအိမ်ကြီးထဲမှာ ဘာတွေဆက်ဖြစ်ကြဦးမလဲဆို တာကိုတော့ Horror ကားကြိုက်သူတို့ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Hj SH ပဲဖြစ်ပါတယ်.. File Size : (850 MB) and (326 MB) Quality :WEB-DL 720p, Format…mp4 Duration…01:48:00 Genre :  Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hj SH Encoded by Thanhtike Zaw 
movie

Mata Batin(2017)

2017
Head Shot (2017) 7.3
Head Shot (2017) ဘ၀မှာမိသားစုဆန်တဲ့ ကြင်နာယုယမှု နွေးထွေးမှုမရှိပဲ မကောင်းမှုတွေကြားထဲမှာသာ ကြီးပြင်းလာတဲ့ကောင်လေး တစ်ယောက်ဟာ တစ်နေ့တော့ သူတို့အဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှသေနတ်ဒဏ်ရာရပြီး ဆေးရုံကိုရောက်လာပါတယ် ဆေးရုံရောက်လာတော့ ခေါင်းကဒဏ်ရာကြောင့် အတိတ်မေ့ပြီး ဘ၀မှာမကြုံတွေ့ဖူးတဲ့ ဆရာဝန်မလေးရဲ့ နွေးထွေးမှုတွေကိုခံစားမိပြီး တယောက်နဲ့ တစ်ယောက်သံယောဇဉ်တွယ်သွားပါတော့ ထိုအချိန်မှာပဲ အတိတ်က ကျန်ရှိနေခဲ့သေးတဲ့ ပြသနာတွေကြောင့် ဆရာဝန်မလေးဟာ ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းခံရပြီး ဘ၀မှမကြုံတွေ့ဖူးတဲ့ အချစ်ကိုစတင်ခံစားရချိန်မှာ အခုလိုဖြစ်သွားခဲ့တော့ မင်းသားခမျာ ရင်ဝကို မီးစနဲ့ထိုးသလို ဖြစ်ပြီး ဒိန်းတလိန်းနတ်ပူးပြီး မင်းသမီးကိုလိုက်လံကယ်တင်ပါတော့တယ် ကဲ ပရိတ်သတ်ကြီးရော ဒီကားက သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေကို အားပါးတရကြည့်ရမှာဖြစ်ပြီး အချစ်ဆိုတဲ့ အရာက အရာရာကိုပြောင်းလဲစေနိုင်ကြောင်းကိုလဲ ကြည့်ရမှာဖြစ်ပါတယ် အချစ်ခန်း ကြိုက်ခန်းတွေကိုလဲ ထည့်သွင်းထားတာကြောင့် အလှည့်အပြောင်းလေးတွေနဲ့ ရသပေါင်းစုံ ပါဝင်နေတာကြောင့် ကြည့်ရှူသူများ နှစ်သက်သဘောကျမှာအမှန်ပါပဲ နာမည်ကြီးခဲ့တဲ့ The Raid ထဲက မင်းသား Iko Uwais က ခေါင်းဆောင်ရိုက်ကူးထားတာကြောင့် အက်ရှင်ကား ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တယ်ဆိုတဲ့ သူတွေကတော့ လက်မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာကိုတော့ ပြောပြလိုက်ပါရစေဗျာ (ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ ကိုအောင်ပြေ ဖြစ်ပါတယ်ဗျ ) 
movie

Head Shot (2017)

2016