Channel Myanmar

Evelyne Brochu

Pawn Sacrifice (2014) 7.0
Pawn Sacrifice (2014) [Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie

Pawn Sacrifice (2014)

Rememory(2017) 6.2
Rememory(2017) ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ Lionsgate Premiere က ဖြန့်ချိရုံတင်ခဲ့တဲ့ Rememory ဇာတ်ကားကို Director Mark Palansky က ရိုက်ကူးထားပြီး Peter Dinklage(Samuel Bloom) , Martin Donovan (Gordan Dunn) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်အရုပ်ငယ်လေးတွေနဲ့ မော်ဒယ်ပုံသေးသေးလေးတွေတည်ဆောက်တဲ့ပညာရှင် ဆမ်မျူရယ်ဘလွန်းဟာ သူ့ညီနဲ့ အရက်ဘားကနေအိမ်ကိုကားမောင်းအပြန်မှာ ကားမတော်တဆမှုဖြစ်ပွားပြီး သူ့ညီလေးသေဆုံးခဲ့ပါတယ်နောက် နှစ်နည်းနည်းကြာလာတဲ့အချိန်မှာ ဂေါ်ဒန်ဒန်းဆိုတဲ့ သိပ္ပံပညာရှင်တယောက်က ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို အတိအကျပြန်လည်တူးဖော်ပေးနိုင်တဲ့ မှတ်ဥာဏ်ဖော်စက်ကို ရှေ့ပြေးပုံစံငယ်တည်ဆောက်နိုင်ခဲ့ပါတယ်ဂေါ်ဒန်ဒန်းမှာ ဂျိန်းလို့ခေါ်တဲ့သမီးလေးတယောက်ရှိပြီး အဲဒီသမီးလေးဟာ ကားမတော်တဆမှုတခုမှာ ဆုံးပါးသွားခဲ့ပါတယ် သမီးလေးဆုံးပါးပြီးတဲ့နောက် ဇနီးဖြစ်သူနဲ့ပါ အဆင်မပြေဖြစ်လာတဲ့ ဂေါ်ဒန်ဟာ သူ့သမီးငယ်လေးရဲ့ပုံရိပ်တွေကို ပြန်လည်မြင်တွေ့နိုင်ဖို့ မှတ်ဥာဏ်ဖော်စက်ကို ဖန်တီးခဲ့တာပါသူ့ကုမ္ပဏီက တာဝန်ရှိသူတွေကတော့ မှတ်ဥာဏ်ဖော်စက်ကို တည်ဆောက်တာက ကိုမာဝင်နေတဲ့လူနာတွေကို ပြန်လည်ကယ်တင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စီးပွားတွက်တွက်ကြပါတယ်အဲဒီ နမူနာပုံစံကို ဈေးကွက်ကိုစတင်မိတ်မဆက်ခင် စက်ကိုစမ်းသပ်တုန်းက စမ်းသပ်ခံအနေနဲ့ ပါဝင်ခဲ့သူတွေဟာ စမ်းသပ်ခံပြီးနောက်မှာတော့ ပြဿနာမျိုးစုံကြုံခဲ့ရပြီး ...
movie

Rememory(2017)

2017