Channel Myanmar

Fang Xushi

Deep Sea Walleye ( 2023 ) 5.9
Deep Sea Walleye ( 2023 ) အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့ သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့-သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီး မီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကို ဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီး အဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ...... ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction , Thriller Runtime : 1h 18 min Subtitle ...
movie

Deep Sea Walleye ( 2023 )

White Dragon Horse ( 2022 ) 5.9
White Dragon Horse ( 2022 ) ငယ်ငယ်လေးတုန်းက စွန်းဝူခုန်းရဲ့ အနောက်ဘက်ဆီသို့ ခရီးသွားခြင်းဆိုတဲ့ ဒဏ္ဍာရီလေးကို ကြားဖူးတယ်မလား? ဒါပေမဲ့ အဲ့ဒီ အနောက်ဘက် အနောက်ပင်လယ်ဆီက ဒဏ္ဍာရီလေးတစ်ပုဒ်ကိုတော့ သိကြမယ်မထင်ပါဘူး ။အနောက်ပင်လယ်မှာ ရှိတဲ့ နဂါးမျိုးနွယ်စုတွေဟာဆိုရင် ကောင်းကင်ဘုံ တရားရုံးတော်ကို ခစားတဲ့အနေနဲ့ အနောက်ပင်လယ်ပြင်ကြီးကို စောင့်ကြပ်ကြရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေဟာဆိုရင် နဂါးတွေကို သူတို့လက်ခုတ်ထဲက ရေလိုသဘောထားပြီး စားသောက်ဖွယ်အနေနဲ့ မက်မွန်ပွဲတော်ရောက်တိုင်း နဂါးတွေကို စားသုံးကြပါတယ် ။အနောက်ပင်လယ် နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်သူ အောင်လျဲ့ဟာ ဒီအရာနဲ့ပတ်သတ်ပြီး စိတ်ထဲမှာ လုံးဝကို အခဲမကျေခဲ့ပါဘူး။ အဲဒါကြောင့် နဂါးမျိုးနွယ်စွမ်းအားတွေ ပြန်လည်ဖွဲ့စည်းပြီး နဂါးအသားစားသုံးတဲ့ ဓလေ့ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ အောင်လျဲ့တစ်ယောက် သူနဲ့လက်ဆက်ရန် စီစဥ်ထားတဲ့ မင်းသမီးလေး ပိပေါ်ထန်နဲ့ တွေ့ဆုံကာ မြင်မြင်ချင်းချစ်မိသွားပြီး မောက်မာခဲ့တဲ့ နှလုံးသားလေးက အရည်ပျော်ကျသွားရပါတယ် ။ ဒါပေမဲ့လို့ သူချစ်ရတဲ့ ချစ်သူကို ခေါင်းကိုးလုံး မိစ္ဆာဘုရင်က လုယူသွားခဲ့တဲ့အခါမှာတော့...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏အချစ်အတွက်နဲ့ ဒီခေါင်းကိုးလုံး မိစ္ဆာကြီးကို ချေမှုန်းနိုင်ပါ့မလား ❏ သတ်ဖြတ်ချင်းခံနေရတဲ့ သူ့ရဲ့မျိုးနွယ်စုတွေကိုရောသူကယ်တင်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တာမို့ အခုပဲကြည့်ရှုရအောင်လားရှင် [ Reviewed By Chit ...
movie

White Dragon Horse ( 2022 )

The Hunting ( 2022 ) 6
The Hunting ( 2022 ) နှစ်ကူးအားလပ်ရက်မှာ ရိုစရာချိုစရာမရှိတဲ့ တစ်ကိုယ်တည်းတောက်ပနေသူလေး တွေအတွက်အသင့်တော်ဆုံး သဲထိတ်ရင်ဖိုကားလေးကို CMမှတင်ဆက်ပေးလိုက်ပါတယ်။ဝက်ဝံအမဲလိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ ချမ်းအေးတဲ့ဆောင်းရာသီမှာ ဝက်ဝံခြေရာခံတဲ့လူနှစ်ယောက်ဟာ ကောင်းကင်ကကျလာတဲ့အလင်းတန်းကြီးကိုတွေ့လိုက်ရတယ်။ဥက္ကာခဲကြီးလား ဘာတွေလဲဆိုပြီး သူတို့သွားကြည့်တဲ့အချိန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ထူးဆန်းသတ္တဝါတွေနဲ့ကြုံတွေ့လိုက်ရတယ်။ လူတွေကဝက်ဝံတွေကိုအမဲလိုက်တဲ့နယ်မြေဟာ လူတွေကိုပြန်ပြီးအမဲလိုက်တဲ့နယ်မြေအဖြစ်ပြောင်းသွားပါတော့တယ်။ ကောင်းကင်ပေါ်ကကျလာတဲ့သတ္တဝါတွေကိုလူတွေဟာ ဘယ်မျိုးများနှိမ်နင်းကြမလဲ..... သားကောင်ဘဝနဲ့ပဲ လူတွေဟာနေသွားရတော့မှာလားဆိုတာကို သဲထိတ်ရင်ဖိုကြည့်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Hunting ( 2022 )

The Desert Dragon ( 2021 ) 5.9
The Desert Dragon ( 2021 ) ထန်မင်းဆက် နောက်ဆုံးအုပ်ချုပ်သည့် ခေတ်ကာလအချိန်...., ခွန်းလွင် တောင်ထိပ်မှာရှိတဲ့ ခွန်းဝူအဆောင်တော်မှ အကြီးအကဲ ဟွမ်ဖူ ဟာ နတ်ဆိုးဂိုဏ်းသားတွေ နဂါးရဲ့သွေးကြောကို ဖျက်ဆီးနေပြီလို့ ခံစားမိတဲ့အတွက်ကြောင့် တပည့်တွေကိုခေါ်ဆောင်ပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးကို တိုက်ခိုက်ဖို့ဦးဆောင်ခဲ့ပါတယ်သစ်ပင်နတ်ဆိုးဟာ ရွှမ်းယင်ပုလဲကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ခွန်းဝူနန်းဆောင်တော်ကို ဖျက်ဆီးတိုက်ခိုက်မှာစိုးရိမ်တာကြောင့် အကြီးအကဲဟွမ်ဖူဟာ ဖေးလျို လမ်းစဥ်ကိုအသက်သွင်းပြီး ဆန့်ကျင်ခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဂိုဏ်းရဲ့တပည့်တွေဖြစ်ကြတဲ့ ရွှင်ထူနဲ့ ချူလင်အာ တို့ကို ရွှမ်းယင်ပုလဲမရရှိခင်မှာ သစ်ပင်နတ်ဆိုးကို ​ချေမှုန်းဖို့ ဖန်ရှစ်မြို့တော်ကိုစေလွှတ်ခဲ့ပါတယ် အဲဒီခရီးလမ်းမှာပဲ ရွှင်ထူနဲ့ ချူလင်အာ တို့ဟာ ကလေကချေကောင်လေး လီယွမ်ကျီးနဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာခဲ့ပါတော့တယ် ဒီတော့သူတို့တွေဟာ နတ်ဆိုးတွေကို နှိမ်နင်းတားဆီးဖို့ လမ်းကြောင်းမှာ အတူတူရင်ဆိုင်လာကြရင်း -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ ရင်ဆိုင်ရ/စတေးရမှုတွေ ရှိလာတဲ့အခါမှာရော သူတို့တွေဘယ်လိုကျော်ဖြတ်ကြမလဲ ? ❐ နတ်ဆိုးတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် Action, Historical နဲ့ Fantasy အမျိုးအစားလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ကတော့ ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The Desert Dragon ( 2021 )