Channel Myanmar

Frank Grillo

Warrior (2011) 8.2
Warrior (2011) Warrior (2011) IMDb - 8.2/10_____Rotten - 83%  အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီးကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ "စပါတာ"ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်။Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ ...
movie

Warrior (2011)

2011
Homefront (2013) 6.5
Homefront (2013) ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie

Homefront (2013)