Channel Myanmar

Fred Henderson

Friday the 13th Part VIII: Jason Takes Manhattan (1989)
Friday the 13th Part VIII: Jason Takes Manhattan (1989) Friday the 13th Part VIII: Jason Takes Manhattan (1989)ကိုသေခဲလှကြီး ဂျေဆင်က ခရစ်စတယ်ရေကန်အောက်ကနေ ပြန်ပေါ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဂျေဆင်က သူ့အိမ်ကွင်းကနေ အဝေးကွင်းကို သွားကန်မှာပါ။ အဝေးကွင်းဆိုတာတောင်မှ ပင်လယ်ကိုဖြတ် နယူးယောက်အထိသွားပြီး ခြေစွာမှာပေါ့လေ။ခရစ်စတယ်ရေကန်မှာ စက်လှေတစ်စင်းပေါ်ကနေ ချစ်ရည်လူးနေကြတဲ့ စုံတွဲ ချလိုက်တဲ့ ကျောက်ဆူးကြိုးက မြေအောက်ပါဝါလိုင်းကိုချိတ်မိပြီး ဂျေဆင်နဲ့သွားထိ ဓာတ်တွေလိုက်ကုန်ပြီး ကိုဂျေဆင် နိုးလာပြန်ပါပြီ။အဲဒီစက်လှေကနေတဆင့် ကျောင်းသားတွေ နယူးယောက်ကို လေ့လာရေးသွားကြမယ့် သင်္ဘောပေါ် ဂျေဆင် တက်သွားတယ်။ အလကားတော့ မဟုတ်ဘူး။ အဲဒီသင်္ဘောပေါ်မှာ သူနဲ့ ပဌာန်းဆက်ပါတဲ့ ကောင်မလေးပါနေလို့ဗျ။ဒီမှာတင် သင်္ဘောပေါ်မှာ တွေ့သမျှလူလိုက်သတ်။ သတ်ရင်းဖြတ်ရင်း ကာလနာတွေတိုက်ပြီး သင်္ဘောကြီး နစ်ပါလေရော။ ဒါတောင်မှပဲ အသက်ကယ်လှေနဲ့ နယူးယောက်အထိ လှော်ပြေးတဲ့ ရှင်သန်ကျန်ရစ်သူတွေနောက် အငြိုးတကြီးလိုက်သတ်သေးတာ။ခရစ်စတယ်သား ဂျေဆင်ကြီး နယူးယောက်မြို့ပေါ်မှာ သောင်းကျန်းသတ်ဖြတ်တာတွေကို ကြည့်ရဦးမယ့် ...
movie

Friday the 13th Part VIII: Jason Takes Manhattan (1989)

1989
Totally Killer (2023) 6.8
Totally Killer (2023) Totally Killer (2023)~ IMDb - 6.8/10, Rotten Tomatoes - 85% ~ဒီကားလေးက‌တော့ ဒီရက်ပိုင်းမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ ‌ဟာသဟော်ရာအမျိုးအစားလေးပါ။ Scream တို့၊ "Happy Death Day"တို့ကြည့်ရတဲ့ Vibe မျိုးပြန်ခံစားကြည့်ချင်ရင် ဒီကားက သေချာပေါက်အလွတ်မခံသင့်တဲ့ကားပါပဲ။ Castတွေအနေနဲ့ ဆိုရင်လည်း "Chilling Adventures of Sabrina" ရဲ့ Kiernan Shipka, "Marvel's Cloak & Dagger" ရဲ့ Olivia Holt တို့က အဓိက Cast တွေအနေနဲ့ပါ၀င်ပြီး Randall Park နဲ့ Lochlyn Munro တို့လို ထင်ရှားတဲ့သူတွေလည်း ပါ၀င်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဗာနွန်ဆိုတဲ့မြို့ငယ်လေးက (၁၉၈၇)ခုနှစ် ဟောလိုး၀င်းရာသီမှာ ၁၆နှစ်အရွယ် ကောင်မလေးသုံးယောက် အသတ်ခံရလိုက်ပြီးနောက်ပိုင်း ကျီးလန့်စာစားနေနေရပါတယ်။ အဲဒါပြီးနောက်မှာတော့ လူသတ်သမားကငြိမ်နေပေမဲ့ ...
movie

Totally Killer (2023)

2023
4K HEVC
Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022