Channel Myanmar

Fu Mengni

Marble Mountains ( 2022 ) 6
Marble Mountains ( 2022 ) ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက် စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့ Marble Mountain ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့... စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့ လူ့ပြည်ရောက်လာတာလည်းမဟုတ်... အချစ်ဇာတ်လမ်းလေးကြောင့် စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ...လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကို ချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီး စွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့...ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေ တင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီး စွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Marble Mountains ( 2022 )

The Unbelievable (The Cases of Disappearances) 2022 6
The Unbelievable (The Cases of Disappearances) 2022 မြူခိုးရွာဟာ မျိုးရိုးစဥ်ဆက်နှစ်ပေါင်းထောင်ချီ နဂါးဘုရင်ကို ကိုးကွယ်လာခဲ့ပြီး ၊ နဂါးဘုရင်ရဲ့ကောင်းချီးနဲ့စောင့်ရှောက်မှုကိုရရှိထားတယ်လို့လက်ခံထားကြပါတယ်။ တစ်ရက်မှာ လူတစ်ယောက်ထူးဆန်းစွာ သေဆုံးသွားပြီး ကံကြမ္မာဆိုးကမြူခိုးရွာလေးကို စတင်ရိုက်ခတ်လာပါတော့တယ်။သေဆုံးသွားတဲ့သူဟာ နဂါးဘုရင်ကိုအပြစ်ပြုမိလို့ ဒဏ်ခတ်ခံရတယ်လို့ဆိုကြတဲ့အခါ... အစွဲအလမ်းတွေ ယုံကြည်ကိုးကွယ်မှုတွေကိုမယုံကြည်တဲ့ ဝမ်ကျဲဟာ တကယ့်အမှန်တရားကိုရှာဖို့​ကြိုးစားပါတော့တယ်။ အဲ့အချိန်မှာပဲ သူ့ရဲ့မွေးစားအဖေဖြစ်သူပါ ထူးဆန်းစွာသေဆုံးသွားပြန်ပါတယ်။နောက်တော့ ရွာလေးဟာ ထူးဆန်းတဲ့ဗီဇပြောင်း မကောင်းဆိုးဝါးသတ္တဝါတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး၊ တစ်ရက်ပြီးတစ်ရက် သေသူတွေတိုးလာတဲ့အခါ.... အယူသီးတဲ့ရွာသားတွေဟာ ဒီပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ဝမ်ကျဲတို့ကရော ဗီဇ​ပြောင်းသတ္တဝါတွေကိုဘယ်လိုရင်ဆိုင်လေမလဲ။ ရွာကိုရော ဒီကပ်ဘေးကနေ ကယ်တင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ အဖြေရှာကြည့်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Thriller Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Moon , Kyawt Encoded by LK
movie

The Unbelievable (The Cases of Disappearances) 2022