Channel Myanmar

Fumi Nikaido

What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

[18+]Bitter Honey (2016) 5.8
[18+]Bitter Honey (2016)  အကာဂိုက စာရေးဆရာကြီးနဲ့ တူတူနေနေတဲ့ အနီရောင်ရွှေငါးမလေးတစ်ကောင်ပဲဖြစ်ပါတယ်သာမန်ငါးနီလေးမဟုတ်ဘဲ လူယောင်ဖန်ဆင်းနိုင်ပြီး စာရေးဆရာကြီးကိုပဲ တွာ်ငြိနေတဲ့ ဖြူစင်တဲ့ငါးမလေးတစ်ကောင်ပေါ့တစ်ရက် စာရေးဆရာကြီးရဲ့အသိမိတ်ဆွေဟောင်း ယူရီကိုရဲ့ဝိဥာဥ်ပြန်ပေါ်လာတဲ့အခါ သူတို့သုံးဦးကြားဘာတွေဖြစ်လာမလဲယူရီကိုနဲ့စာရေးဆရာကြီးကြားကရော ဘာတွေရှိနေခဲ့လို့ ခုလိုပြန်ပေါ်ထွက်လာရတာလဲစာ​ရေးဆရာကြီးကိုအပိုင်လိုချင်ပြီး မိသားစုဘဝထူထောင်ချင်နေတဲ့ ငါးနီမလေးကရော ဘယ်လိုဖြစ်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်File Size__(1GB) Quality__720p IMDb Rating__5.8/10 Format__mp4 Duration__01:45:00 Type__Adult, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie

[18+]Bitter Honey (2016)

No Longer Human (2019) 5.9
No Longer Human (2019) No Longer Human (2019)1948ခုနှစ်က ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး ဒုတိယ ချိတ်ခဲ့တဲ့ လူသားမဆန်တဲ့လူအကြောင်းရေးထားတဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခံစားရမှာပါစာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်အထိရူးသွပ်နိုင်မလဲ? ကုန်ကြမ်းတွေလိုက်လံစုစည်းတယ်ဆိုတာ ဘဝအတွေ့အကြုံစုဆောင်းတယ်လို့ပဲ တွေးထင်မိတယ်မဟုတ်လား? ဒီအတွေးတွေအကုန်လုံးက No Longer Human ဆိုတဲ့ ဇာတ်ကားမှာ အကုန်မှားသွားပါလိမ့်မယ်။စာရေးဆရာဖြစ်သူ ဒါဇိုင် အိုဆာမုဟာ သူ့ရဲ့ စာအုပ်တွေအတွက် မိန်းကလေးတွေကိုလှည့်ဖျားပြီးချစ်ဟန်ဆောင်ပါတယ်။ ပြီးရင်တော့ အချစ်အတွက်သတ်သေကြမယ်ဆိုပြီး သတ်သေရာကနေ သူကလူလည်လုပ်ပြီး မသေဘဲ ကျန်ရစ်နေပါတယ်။ ဒီလိုလုပ်တာ မိန်းကလေးပေါင်းမြောက်များစွာရှိပြီဖြစ်ပါတယ်။ ဒါ့အပြင်သူ့မှာ ဇနီးမယားနဲ့ ကလေးတွေလည်း ရှိပါသေးတယ်နော်။ ပြီးတော့ ဒီထက်ပိုပြီးထူးဆန်းတာက သူကြိုက်လိုက်တဲ့ မိန်းကလေးတွေ တစ်နည်းပြောရရင် နာမည်ကြီးစာရေးဆရာဆိုပြီး သူ့ကို လာကြိုက်တဲ့မိန်းကလေးတိုင်းက မုဆိုးမတွေချည်းသာဖြစ်ပါတယ်။ဒီတော့ အိုဆာမုတစ်ယောက် သူ့ရဲ့ မာစတာပိစ်ဝတ္တုအတွက် ကုန်ကြမ်းဘယ်လိုစုဆောင်းမလဲ? သူ့ကို ပြန်လည်လှည့်ဖျားသွားနိုင်မယ့် မိန်းကလေးပေါ်လာမှာလား သူကော အချစ်နွံထဲနစ်ဝင်ပြီး မုဆိုးကနေ ...
movie

No Longer Human (2019)

Someone (2016) 6.3
Someone (2016) Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူ‌အလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။ (ဇာတ်ကားနဲ့အညွှန်းကို ...
movie

Someone (2016)

2016
My Man (2014) 6.2
My Man (2014) My Man (2014)အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်...မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်...ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ်တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ်ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ...ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt
movie

My Man (2014)

Inuyashiki (2018) 7.2
Inuyashiki (2018) Rating 7.2 အထိရရှိထားတဲ့ ဒီဂျပန်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်....အင်နူရာရှီကီ အီချီရိုဟာဆိုရင် အလုပ်မှာလဲအဆင်မပြေ၊မိသားစုကိစ္စမှာလဲ အဆင်မပြေဘဲ ကံဆိုးနေရတဲ့သူတစ်ဦးပါ...မိန်းမနဲ့သားသမီးတွေကလဲ သူ့ကိုနားလည်မပေးနိုင်ဘဲ အပြစ်ပဲမြင်နေသူပါ...ဒါ့အပြင် ကင်ဆာရောဂါဆိုးကိုလဲခံစားနေရပြီးဆက်လက်ရှင်သန်နေထိုင်ဖိုရအချိန်ကလဲ သုံးလသာကျန်ပါတော့တယ်...တစ်ညမှာတော့ သူ့ခွေးလေးကိုစွန့်ပစ်မယ်ဆိုပြီး ပန်းခြံတစ်ခုကိုရောက်လို့သွားခဲ့ပါတယ်အဲ့မှာ မထင်မှတ်ပဲနဲ့ ကောင်းကင်ကနေအလင်းတန်းကြီးတစ်ခုထွက်ပေါ်ကျရောက်လာခဲ့ပြီးသတိလစ်သွားပါတယ်...သတိပြန်ရလာတဲ့အခါမှာတော့ သူဟာ အရင်ကလိုပျော့ညံ့တဲ့လူတစ်ယောက်အနေနဲ့မဟုတ်တော့ဘဲ လူတစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်းအသွင်ပြောင်းလဲသွားပြီး ကြံ့ခိုင်လာပါတော့တယ်...သူ့လိုပဲ လုံးဝပြောင်းလဲသွားတဲ့သူနောက်တစ်ယောက်လဲထပ်ရှိပါသေးတယ်...သူကတော့ အထက်တန်းကျောင်းသား ရှီရှီဂါမီဟီရိုပါ...သူဟာလဲ မသာယာတဲ့ မိသားစုဘ၀မှာကြီးပြင်းလာခဲ့ရတဲ့အထီးကျန်ဆန်နေရတဲ့လူငယ်လေးတစ်ယောက်ပါ...သူတို့နှစ်ယောက်လုံးအတူတူ စက်ရုပ်တွေဖြစ်သွားပြီးစွမ်းအားကြီးမားကြံ့ခိုင်လာကြပေမယ့် သူတို့တွေရဲ့စွမ်းအင်တွေကို အသုံးချပုံကတော့မတူညီပါ...အင်နူရာရှီကီကတော့ သူ့ရဲ့စွမ်းအားနဲ့လူတွေကို ကယ်တင်ပြီး ပျော်နေပေမယ့်ဟီရိုကတော့ လူတွေကို လိုက်လံသတ်ဖြတ်နေရတာကို ပျော်မွေ့နေသူပါ...သူတို့နှစ်ယောက်ရင်ဆိုင်လာရတဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကြည့်လိုက်ရအောင်လား။။။ File Size : (1 GB) and (305 MB) Quality ...
movie

Inuyashiki (2018)

2018