Channel Myanmar

Gary Oldman

Killers Anonymous(2019) 6.6
Killers Anonymous(2019) Killers Anonymous(2019) ================ ဒီဇာတ်ကားက ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ အမေရိကန် အက်ရှင် ကား တကားပါ Lion Gates ကုမ္ပဏီက ဖြန့်ချိတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Martin Owen က ရိုက်ကူးထားတာပါ ပါဝင်တဲ့ ဇာတ်ဆောင်တွေကတော့ Jessica Alba Tommy Flanagan Gary Oldman Rhyon Nicole Brown My Anna Buring Michael Socha Tim Mclnnery Sam Hazeldine တို့ ဖြစ်ပါတယ် Killer Anonymous ဆိုတာ လူသတ်သမားတွေကို စုဖွဲ့ထားတဲ့ အဖွဲ့တခုဖြစ်ပြီး လူတယောက်ကို ကိုယ် ဘယ်လိုသတ်ခဲ့တယ် သတ်နေတုန်း ကိုယ်ဘယ်လိုခံစားရတယ် စတဲ့ လူသတ်ခြင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ဖလော်ဆော်ဖီကို အချင်းချင်းဝေမျှရင်း စိတ်ဖိအားလျှော့ချကြတဲ့ ပုံစံနဲ့ လည်ပတ်နေတာပါ အဲဒီအဖွဲ့ကို ဘယ်သူက အဓိက ကြိုးကိုင်နေလဲ စီအိုင်အေရဲ့ ပါဝင်ပတ်သတ်မှုတွေနဲ့ master mind တွေ က အစီအစဉ်တခုကို ချတဲ့ အခါ ပါဝင်သူတွေကိုယ်တိုင် မသိလိုက်အောင် လူတစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အသုံးချပြီး ဘယ်လို ဥာဏ်ကစားကြလဲ ကြည့်ပျော်တဲ့ ဇာတ်လမ်းတခုပါ ခင်ဗျာ File Size ...
6.6
IMDB: 6.6/10 1300 votes
movie

Killers Anonymous(2019)

2019
WEB-DL 720p
Planet 51(2009) 6.1
Planet 51(2009) Planet 51(2009) IMDb......6.1 ဆရာကြီးချစ်ဦးညိုစာအုပ်တွေကို အတော်များများဖတ်ဖူးကြမယ်ထင်ပါရဲ့.... ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ ဗီလိန်တွေအတော်များများကို ဆရာကြီးဟာ အဓိက ဇာတ်လိုက်မင်းသားအဖြစ် ပြန်လည်အသက်သွင်းတယ်... ဒီတော့ ဆရာကြီးရေးသားထားတဲ့ ဒီလိုဇာတ်ကောင်မျိုးစာအုပ်တွေမှာ ဆို ဇာတ်လမ်းကြီးကိုပြောင်းရသလိုဖြစ်နေတယ်... ဆိုပေမယ့် ကျွန်တော်တို့ အားလုံးဆရာကြီးရေးတဲ့စာအုပ်တွေဖတ်ပြီး အရမ်းနှစ်ခြိုက်ကြသလို တခြားရှုထောင့်တစ်ခုလည်းရှိပါသေးလားဆိုတဲ့ အသိလည်းရသွားတယ်..... ဒီကာတွန်းကားလေးကလည်း ဒီလိုပါပဲ..... အစိမ်းရောင်ဂြိုလ်သားတွေဘက်ကနေရိုက်ကူးထားတာပါ... သူတို့အနေနဲ့ကြည့်ရင် ကျွန်တော်တို့ဟာ ပြောလို့တောင်မရနိုင်တဲ့ အန္တရယ်ရှိဆုံးဂြိုလ်သားတွေပေါ့လေ..... ဒီတော့ အစိမ်းရောင်ဂြိုလ်သားတွေဟာ ထင်မြင်ချက်ပေါင်းများစွာနဲ့ ကြိုတင်ကာကွယ်မှုတွေပေါင်းစုံလုပ်သလို စောင့်ကြည့်ရေးတပ်ဖွဲ့ပေါင်းများစွာနဲ့လည်း သူတို့ဂြိုလ်ကို ကာကွယ်ထားတယ်.... သို့ပေမယ့် တစ်နေ့တော့ သူတို့ဂြိုလ်ကို အမေရိကန်အလံကြီးကိုင်ပြီး အာကာသယာဉ်မှုးကမ္ဘာဂြိုလ်သားတစ်ယောက်ဆင်းချလာပါလေရော.... အစိမ်းရောင်ဂြိုလ်အတွက် တကယ့်ကိုသွေးပျက်ဖွယ်ရာအဖြစ်ပါပဲ.... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်...   File Size : (957 MB) and (419 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
6.1
IMDB: 6.1/10 47,272 votes
movie

Planet 51(2009)

2009
Bluray 720p 5.1CH
Quest for Camelot(1993) 6.3
Quest for Camelot(1993) Quest for Camelot(1993) IMDb......6.3 ဆိုတဲ့ Animation ကားကတော့ IMDb rating (6.3) ရရှိထားပြီး musical fantasy အမျိုးအစားလေးပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ကေလီဆိုတဲ့ ကလေးမလေးက သူ့အဖေလိုမျိုး သူရဲကောင်းတစ်ယောက် ဖြစ်ချင်နေသူပဲ ဖြစ်ပါတယ်။ သူ့အဖေကတော့ ကမ်းမလော့မြို့ရဲ့ ဆာဘွဲ့ရ သူရဲကောင်းတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ ဆာလိုင်နိုလို့ခေါ်ပါတယ်... တစ်နေ့ လူဆိုးတစ်ယောက်ဟာ ဘုရင့်ကိုလုပ်ကြံလေတော့ ဆာလိုင်နိုက ၀င်ရောက်ကာကွယ်ပေးခဲ့တယ်.. ဘုရင်က ဘာမှမဖြစ်ပေမယ့် ဆာလိုင်နိုတစ်ယောက် အသက်ပေးခဲ့လိုက်ရတယ်... လူဆိုးလည်းထွက်ပြေးလွတ်မြောက်သွားတယ်.... ကေလီနဲ့သူ့အမေတို့အတွက် ရွှေတောင်ကြီးပြိုလိုက်သလိုပါပဲ..... ဒီ Animation ကားလေးကတော့ King Arthur တို့လက်ထက်ကိုအခြေခံရိုက်ကူးထားပြီး တော်တော်ကိုဆွဲဆောင်မှုရှိပါတယ်... သီချင်းလေးတွေလည်း ဇာတ်ကွက်အလိုက် အလှပဆုံးထည့်ကျူးထားသလို တင်ဆက်ပုံတွေကလည်း တကယ့်ကိုကောင်းမွန်ပါတယ်.... ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲဆောင်မှုရှိပြီး အဖမဲ့ ကလေးမလေး ကေလီရဲ့ လှုပ်ရှားရုန်းကန်ပုံတွေ ရှေးခေတ် သူရဲကောင်းတွေရဲ့ သူရဲကောင်းဆန်မှုတွေ.. ယုတ်မာတွေတဲ့သူတွေ့ရဲ့ ကြောက်စရာကောင်းတွေဆိုးယုတ်မှုတွေကို ပြထားတာပါ...မိသားစုနဲ့အတူကြည့်လို့ကောင်းမွန်တဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်... File Size : (800 MB) and (316 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre ...
6.3
IMDB: 6.3/10 13,375 votes
movie

Quest for Camelot(1993)

1998
The Book of Eli(2010) 6.9
The Book of Eli(2010) The Book of Eli(2010) တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာ ဇာတ်လမ်းအမျိုးအစားဆိုတာထက်  မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်.. မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်... ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်း ကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်... ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်.. ထိုသို့သောမင်းသားကြီးများစာရင်းတွင်  Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်.. ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား  ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့် The Book of Eli ကို အရည်အသွေးစုံလင်စွာဖြင့်တင်ဆက်ပါလိုက်ပါသည်... ဇာတ်လမ်းအညွှန်းကိုပြောရမယ်ဆိုလျှင်... စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာ တောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက် အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ ဤမျှ ...
6.9
IMDB: 6.9/10 266,588 votes
movie

The Book of Eli(2010)

2010
Blu-Ray 1080p 5.1 CH
Hunter Killer(2018) 6.8
Hunter Killer(2018) Hunter Killer(2018) ((အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား ...
6.8
IMDB: 6.8/10 10,685 votes
movie

Hunter Killer(2018)

2018
Blu-Ray 1080p 5.1 CH
Lawless (2012) 7.3
Lawless (2012) Rotten Tomatoes... 67% ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနို်င်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။   ဒီဇာတ်လမ်းဟာ... 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။ ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့ Lead Actor Guy Pearce ပါ။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ ...
7.3
IMDB: 7.3/10 209,667 votes
movie

Lawless (2012)

2012
A Christmas Carol(2009) 6.8
A Christmas Carol(2009) A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် ..  အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေ စုံစမ်းကြည့်တော့   Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်း Forrest Gump  ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့တယ်... Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်... ...Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်... ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ.... ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ... ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ.. ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်.. ခလေးတွေအတွက်တော့  ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ... ကိုင်းခံစားကြည့်လိုက်ပါဦးနော်... File Size : (898 MB) and (354 MB) Quality : Blu-Ray 720p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw ...
6.8
IMDB: 6.8/10 87,524 votes
movie

A Christmas Carol(2009)

2009
Kung Fu Panda 2 7.3
Kung Fu Panda 2 Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘ၀ဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ…. ‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်… ‘ပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုက ၀င်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်… ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်… ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ… အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာ လက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေပါပြီ… ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ… ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကို ဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦး ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ rating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် (IMDb rating 7.3/10 ) အားပေးကြပါ
7.3
IMDB: 7.3/10 214,818 votes
movie

Kung Fu Panda 2

2011
Tinker Tailor Soldier Spy(2011) 7.1
Tinker Tailor Soldier Spy(2011) Tinker Tailor Soldier Spy(2011) IMDb....7.1,,Rotten...83% Tinker Tailor Soldier Spy ဇာတ်​ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. စပိုင်​​တွေရဲ့ ထုံးစံအတိုင်း လျို့ဝှက်​တယ်​ အ​နေအထိုင်​ကျစ်​လစ်​တယ်​ သူ့တို့ဟာ တခြားဘက်​ကလူဆိုတာကို မသိနိုင်​​လောက်​​အောင် ​ လျို့ဝှက်​တယ်​ကြတယ်​။ အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်....ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်...  ဒါ​ကြောင့်​ ခေါင်းဆောင်ဖြစ်သူဟာ  စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်​ရတဲ့ သူတစ်ယောက်ကို စုံစမ်းဖို့ ဘူတာပက်​စ်​ကို လွှတ်​ခဲ့ပါတယ်​။ သို့​ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ​ ဘူတာက်​စ်​မှာ ပစ်​သတ်​ခံခဲ့ရပါတယ်​...စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ. ..ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb ,Rotten ရော အကောင်းဆုံးအနေအထားမှာရှိနေပါတယ်....ကျွန်တော်တို့ရဲ့  doctor strange ကြီးလည်း ပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်  Nay Chi  ဖြစ်ပါတယ်.... File Size : (950 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
7.1
IMDB: 7.1/10 168,123 votes
movie

Tinker Tailor Soldier Spy(2011)

2011
Blu-Ray 720p
Tau (2018) N/A
Tau (2018)   ဒီရုပ်ရှင်ကားနာမည်က TAU ပါတဲ့ အဲ့ဒီ နာမည်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ သင်ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မယ် ရိုးအီ နေတဲ့ ရုပ်ရှင်အမျိုးစားတွေထဲကနေ သိပ္ပံရုပ်ရှင် ကောင်းကောင်း ကြည့်ချင်နေတယ်ဆို ဒီရုပ်ရှင်ကားက သင့်အတွက်ပါပဲ... ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကားကို အညွှန်း မရေးချင်တော့ပါဘူး ဇတ်လမ်းရဲ့ ရသ ပျက်စီးသွားမှာ စိုးရိမ်မိပါတယ် ဇတ်လမ်းကိုတော့ သင်ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ သင်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလို့ အာမခံပါရစေ Netflix ရဲ့ ရုပ်ရှင်ကားတွေ ဘယ်လိုကောင်းတယ် ဘယ်လို တွေးစရာတွေ ပေးတယ်ဆိုတာ သင်လဲ သိနေလောက်ပါပြီ ဒီရုပ်ရှင်ကားဟာ  ဇတ်လမ်းအစထဲကနေ တန်ပို မြင့်ပေးထားလို့ ဘာတွေလဲ ဘာတွေလဲ ဆိုပြီး ကိုယ့်ဘာသာ ဆက်တွေးလိုက်မိတဲ့ အထိ စိတ်ကူးမိစေခဲ့တယ်... ဒီရုပ်ရှင်ကားမှာ သင် သိထားရမှာက မိန်းမချောလေး ဂျူလီယာ အိမ်ကြီးသခင်  အဲလစ် အိမ်စေကြီး ထောင်းစ် တို့ ပဲ ဖြစ်ပါတယ် ဒီ ၃ ယောက်က သင့်စိတ်ကို ဘယ်လို နိုးဆွပြီး ဇတ်သိမ်းထိ ခေါ်ဆောင် သွားမလဲဆိုတာ ဆက်လက်ကြည့်ရှု လိုက်ပါစို့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein That Naing ဖြစ်ပြီး ဘာသာပြန် အသစ်ဖြစ်ပါတယ် ထို့ကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် နားလည်ဖြည့်၍ ကြည့်ရှုပေးကြပါလို့ :D   Thit San Khant     အစမ်းကြည့်ရှုရန်... 
N/A
IMDB: N/A/10 N/A votes
movie

Tau (2018)

2018
Web-DL 1080P
Red Riding Hood (2011) 5.4
Red Riding Hood (2011) ဒီဇာတ်ကားကို စာရေးဆရာမ Sarah Blakley-Cartwright ရဲ့နာမည်ကျော် Red Riding Hood စာအုပ်ကိုအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ Drama, Horror အမျိုးအစားဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီးLeonardo DiCaprio ကထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ဒါရိုက်တာကတော့ Catherine Hardwicke ဖြစ်ပြီးခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးချော Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချော Lukas Haas နဲ့ မကြာသေးခင်ကမှ Oscar ဆုကိုရှရှိခဲ့တဲ့ မင်းသားကြီး Gary Oldman တို့က ဇာတ်ပို့သရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ Horror Genre ဖြစ်လို့ ရုပ်ရှင်အကဲဖြတ်တွေအကြား ရေပန်းမစားခဲ့ပေမယ့်လည်း တကယ်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ----------------------------- Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့ နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။ သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် အတူထွက်ပြေးကြတဲ့ညမှာပဲ သမန်းဝံပုလွေဟာ Valerie ရဲ့အစ်မဖြစ်သူ Lucie ...
5.4
IMDB: 5.4/10 97,820 votes
movie

Red Riding Hood (2011)

2011
Darkest Hour (2017) 7.4
Darkest Hour (2017) Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ၀င်ထားပြန်ပြီ။ လူတိုင်းသိတဲ့ ၀င်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ? Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ၀င်စတန်ချာချီရဲ့ ဘ၀တစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ၀န်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ? အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ၀င်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရပြီး ၆ နာရီသာအိပ်ခဲ့ရပါတယ်။ ၀င်စတန်ချာချီလို ...
7.4
IMDB: 7.4/10 20,505 votes
movie

Darkest Hour (2017)

2017
The Dark Knight Rises (2012) 8.5
The Dark Knight Rises (2012)  ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ ...
8.5
IMDB: 8.5/10 1,180,676 votes
movie

The Dark Knight Rises (2012)

2012
Blu-Ray 720p
Air Force One (1997) 6.5
Air Force One (1997)   1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force One ဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။ ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါ Imdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကို တစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ Qty - 720p Bluray Duration - 1hr 34min Gern - Action/Thrill Subtitle - Myanmar Hardsub Review - Aye Mon Kyaw Encoder - Kyaw Ye Aung
6.5
IMDB: 6.5/10 155,969 votes
movie

Air Force One (1997)

1997
The Hitman’s Bodyguard 2017 7.3
The Hitman’s Bodyguard 2017 2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 7.2 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ခ်ျကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ခ်ျရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ၀ါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ဘဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ခ်ျရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ...... သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ...
7.3
IMDB: 7.3/10 10,284 votes
movie

The Hitman’s Bodyguard 2017

2017