Channel Myanmar

Gene Canfield

Meet Joe Black (1998) 7.2
Meet Joe Black (1998) Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance  ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie

Meet Joe Black (1998)

1998
Sea of Love (1989) 6.8
Sea of Love (1989) Sea of Love (1989) IMDb (6.8/10)...Rotten Tomatoes (76%)  မင်းသား Al Pacino ...John Goodman နဲ့ မင်းသမီး Ellen Barkin တို့ပါဝင်ထားတဲ့ ဒီအမေရိကန်ဇာတ်ကားဟာ ၁၉၈၉ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Crime/Drama အမျိုးအစားဖြစ်ပါတယ်။ မန်ဟက်တန်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက် သောင်းကျန်းနေပါတယ်။ ဒီလူသတ်သမားက သူ့ရဲ့သားကောင်တွေကို သတင်းစာရဲ့ "အထီးကျန်သူများ" (တနည်း) "FA များ" ကော်လံစာမျက်နှာကနေရှာတယ်။သတ်တယ်။ ဒီတော့ စုံထောက်ကလဲ FA အသွင်ဆောင်ပြီး လူသတ်သမားကိုဖမ်းဖို့ကြံတယ်...။ ဒီလို အသွင်ယူ လန်ကြုတ်နေရာကနေ ဆင်ဂယ်လ်မားသားတစ်ယောက်နဲ့တွေ့ပြီး အချစ်နယ်ကျွံရာ ကမ်းမမြင် လမ်းမမြင်ဖြစ်သွားခဲ့ပေမယ့် အဲဒီမိန်းမကပဲ သူရှာနေတဲ့ တရားခံဖြစ်နေမလားလို့ စိတ်ထဲထင်ရင်။..... ဒန် တန့်တန်...။  ZAWGYIမင်းသား Al Pacino ...John Goodman နဲ့ မင်းသမီး Ellen Barkin တို့ပါဝင်ထားတဲ့ ဒီအမေရိကန်ဇာတ်ကားဟာ ၁၉၈၉ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Crime/Drama အမျိုးအစားဖြစ်ပါတယ်။မန်ဟက်တန်မှာ ...
movie

Sea of Love (1989)

1989