Channel Myanmar

George Ackles

Tom and Jerry Cowboy Up! (2022) 7.0
Tom and Jerry Cowboy Up! (2022) Tom and Jerry: Cowboy up 2022ကြောင်နဲ့ကြွက်ပရိတ်သတ်တွေအတွက် IMDb 7/10 အထိရရှိထားပြီးလောလောလတ်လတ်ထွက်ရှိလာတဲ့ Tom&Jerry Cowboy Up လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဘိုးဘွားပိုင်ခြံဖြစ်တဲ့ ဘန်ဆင်မွေးမြူရေးခြံကြီးကိုခရစ်ဒ်ချလီလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ကမျက်စိကျသွားခဲ့ပါတယ် ခရစ်ဒ်ချလီဆိုတာတခြားလူမဟုတ်ပါဘူး ဘဏ်ဓားပြ/စာချုပ်အတုတွေနဲ့ လိမ်လည်ဖန်တီးနေလို့ နိုင်ငံတော်ကအလိုရှိတဲ့လူလိမ်တစ်ယောက်ပါ ဘန်ဆင်ခြံပတ်လည်မှာရှိတဲ့မြေကွက်တွေကိုလိမ်လည်ပြီးရယူခဲ့တာကြောင့်ဘန်ဆင်ခြံကြီးကလွဲကျန်တဲ့ဘေးပတ်လည်ကသူ့အပိုင်ပါပဲ ဘန်ဆင်ခြံကိုတော့ သူဘယ်လိုပဲဝယ်ယူဖို့ကြိုးစားကြိုးစားမရခဲ့ပါဘူး ဒီလိုနဲ့ ဝယ်မရရင် လုမယ်ဆိုပြီး ပူးကောင်ပေါင်းများစွာကို ဘန်ဆင်ခြံထဲ‌မောင်းသွင်းလိုက်ပါတယ် ဒါကိုမသိလိုက်တဲ့ ဘင်ဆန်မိသားစုက ပူးပြဿနာတက်နေတာပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့လက်ထောက် ကလဲမ်ကိုပူးပြဿနာဖြေရှင်းနိုင်တယ်ဆိုပြီး ဘန်ဆင်မိသားစုဆီကပ်ခိုင်းပြီးမြေကွက်ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်ကိုရှာဖွေဖျက်စီးခိုင်းပါတော့တယ် Tomကတော့မြို့သားကြီးပေါ့ တွမ်ကသူ့ရဲ့သခင်နဲ့အတူ ဘန်ဆင်ခြံထဲကိုအလည်လာရင်း ကျွဲလက်ကနေသူ့ကိုကယ်တင်ပေးခဲ့တဲ့Jerryနဲ့ မိတ်ဆွေတွေဖြစ်သွားကြပါတယ် ဒီလိုနဲ့ ဘန်ဆင်မိသားစု ခရီးထွက်ချိန်မှာ ကျန်ခဲ့တဲ့ခရစ်ဒ်ချလီရဲ့လက်ထောက်ကလဲမ်ကသူ့ရဒ့အစီအစဉ်ကိုစပါတော့တယ်ကလဲမ်တစ်ယောက် စာချုပ်ကိုရှာတွေ့သွားမှာလား တွမ်နဲ့ဂျယ်ရီက သူတို့သခင်ရဲ့ခြံကြီးကိုအလွဲလွဲအမှားမှား‌တွေကြားကဘယ်လိုကာကွယ်မလဲဆိုတာ ဆိုတာဟာသနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ရောလူရောပင်ပန်းနေကြမယ့်ကြည့်ရှုသူတွေအတွက် ခဏတာစိတ်အပန်းဖြေဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဇာတ်ကားဘာသာပြန်တွေကတော့ Yunni& HMပဲဖြစ်ပါတယ်  File size…628MB / 1.1GB Quality…720p AAC 5.1CH  / ...
movie

Tom and Jerry Cowboy Up! (2022)

2022