Channel Myanmar

Gil Perkins

East of Eden (1955) 7.8
East of Eden (1955) East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie

East of Eden (1955)

1955
Raging Bull (1980) 8.2
Raging Bull (1980) Raging Bull (1980) ==============IMDb Rating - 8.2/10 Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver, The Wolf of Wallstreet The Departed, Shutter Island, Gangs of New York, king of Comedy ဒီရုပ်ရှင်တွေကို မိတ်ဆွေကြိုက်တယ်ဆိုရင်တော့ Martin Scorseseကိုသိမှာပါ။ အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့ ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့ ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။ ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့ Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး အီတာလျံအမေရိကန် လက်ဝှေ့သမား ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။ မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့ အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အ၀ရမှာပါ။Gangsကားလို့တော့ ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို Brotherhoodsအငွေ့အသက် အပြည့်သုံးထားပါတယ်။Raging Bullဟာ Biography,Drama ,Sport အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့ တစ်ချို့အတွက်ကတော့ အတော်လေး ပျင်းစရာကောင်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ 1949မှာ ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အီတာလျံအမေရိကန် ဘောက်စင်သမား တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀ အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။ ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက် ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့ စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက် အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့ အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။ လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ ...
movie

Raging Bull (1980)

1980