Channel Myanmar

Gina McKee

Notting Hill(1999) 7.1
Notting Hill(1999) Notting Hill(1999)IMDb...7.1,,,Rotten...83%(အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720pတို့ဖြင့်တင်ဆက်ပေးထားပါသည်)))(Unicode)လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
movie

Notting Hill(1999)

1999
Phantom Thread (2017) 7.5
Phantom Thread (2017) Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie

Phantom Thread (2017)

2017