Channel Myanmar

Go Ah-sung

Snowpiercer (2013) 7.1
Snowpiercer (2013) ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ခုနှစ်မှာ  CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်​ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်​တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။File size…(1.7 GB) and ...
movie

Snowpiercer (2013)

A Resistance(2019) 6.0
A Resistance(2019) A Resistance(2019)ဂျပန်တွေ အုပ်စိုးမှုအောက်မှာ လွတ်လပ်ရေးအတွက် ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသူ ယူဂွမ်ဆွန်းအကြောင်းဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာမို့လို့ လုံး၀ လက်မလွှတ်ပဲ ကြည့်သင့်ပါတယ်နော်...ကျောင်းသူ ယူဂွမ်ဆွန်းဟာ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ပါ၀င်ဖို့ အတွက် မွေးရပ်မြေကို ပြန်သွားခဲ့ပါတယ်...သူမ တတ်နိုင်တဲ့နည်းနဲ့ တွန်းလှန်ဖို့ အားမန်အပြည့်နဲ့ပေါ့....မွေးရပ်ဇာတိကိုရောက်တဲ့အခါ မိဘတွေနဲ့ ရွာသားတွေကို သူမနဲ့အတူ ဆန္ဒပြဖို့ ခေါ်ခဲ့ပါတယ်...ရွာသားတွေကလည်းသူမရဲ့စည်းရုံးမှုအောက်မှာ ဆန္ဒပြဖို့သဘောတူကြတယ်...အဲ့ဒီနောက်မှာတော့ သူမတို့အဖွဲ့တွေရဲ့ဆန္ဒပြမှုအောက်မှာ ဂျပန်တွေက ဘယ်လိုဖိနှိပ်ကြမလဲ...ဆန္ဒပြသူတွေကရော ဘယ်လောက်တောင့်ခံနိုင်မလဲ...ခေါင်းဆောင်ဖြစ်တဲ့ ကျောင်းသူလေးကရော နှိပ်စက်ညှင်းပန်းမှုအောက်မှာ ဘယ်လောက်ထိတောင့်ခံပြီးသူ့အဖွဲ့တွေကိုဆက်ဉီးဆောင်နိုင်မလဲဆိုတာကိုတော့....ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (950 MB) and (423MB ) Quality : FHDRip 720p Format…mp4 Duration…01:45:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded ...
movie

A Resistance(2019)