Channel Myanmar

Gô Katô

Color Me True(2018) 7.2
Color Me True(2018) Color Me True(2018)IMDb....7.2ဂျပန်ရုပ်ရှင်တွေတော်တော်များများဟာ ဆုတွေလည်း တသီကြီးရ မှတ်တမ်းကောင်းများစွာလည်း စိုက်ထူထားခဲ့ပေမယ့်ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့ ပရိသတ်က အခြားရုပ်ရှင်များထက်စာလျှင်အတော်ပင်နည်းပါတယ်.......သို့ပေမယ့် သူတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းက မနိမ့်ကျကြောင်းကို သက်သေပြလို့ရတဲ့ကားပေါင်းများစွာရှိပါတယ်.. ကျွန်တော့်အထင်ပြောရရင် ဂျပန်ရုပ်ရှင်တွေဟာ တခြားရုပ်ရှင်ကားများထက်စာရင်ဖျော်ဖြေရေးသိပ်မဆန်ဘူးဟုသာပြောချင်ပါသည်...ယ္ခု Color Me True(2018)ကျတော့ တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကိုမပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်...ဇာတ်လမ်းအမျိုးအစားကလည်း  Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ...ဇာတ်လမ်းအကြောင်းကိုသွားလိုက်ရအောင်....ကောင်လေးတစ်ယောက်ရှိတယ်...သူက လက်​​ထောက်​ဒါရိုက်​တာတစ်ယောက် ....လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး ....ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့... ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်...အဲ့ဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်ထဲ ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမဲခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ... သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ... သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်...တစ်ယောက်ထဲ ရုပ်ရှင်ရုံမှာ အဖြူအမဲခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့... တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့သတင်းတစ်ခုကြားလိုက်ရတယ်.. အဲ့ဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ....နောက်ဆုံးအနေနဲ့  သူတစ်ယောက်ထဲ မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့... အဲ့ဒီအချိန်မှာပဲ မီးတွေပြတ်ပြီးရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်... မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... စကားမစပ် ဂျပန်မင်းသမီးက နင်းကန် လှလွန်းတယ်....File Size ...
movie

Color Me True(2018)

2018