Channel Myanmar

Guan Xiangyun

The Great Illusionist 2 ( 2022 ) 6.3
The Great Illusionist 2 ( 2022 ) CM ချစ်ပရိသတ်တို့အတွက် Part 1 နဲ့ ဇာတ်လမ်း လုံးဝချိတ်ဆက်နေတာမဟုတ်ပေမယ့် part 1 လိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့Great Illusionist part 2 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လုံစုန်အရာရှိတစ်ယောက် ထူးခြားတဲ့ လူသေမှုတွေကို ရင်ဆိုင်ရပြီး ဖြည်းဖြည်းချင်း ရှာဖွေစစ်ဆေးရာမှာ ထူးခြားစွာ သေဆုံးသူ ၃ ယောက်လုံးရဲ့ တူညီတဲ့သဲလွန်စကို ရခဲ့တာပေါ့...ဒါကတော့ ၃ ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်က တိုက်တိုက်ဆိုင်ဆိုင် အကြောင်းမဲ့ ကျောင်းနားခဲ့ကြတယ်ဆိုတာပါပဲ... သေဆုံးသူ ၃ ယောက်လုံးက ကျောင်းနားတာတင်မကဘူး မိသားစုကျောထောက်နောက်ခံကောင်းပြီး ငွေကြေးကြွယ်ဝတဲ့အပြင် အာဏာပါရှိတဲ့ မိသားစုကဆိုတာပါ သိခဲ့ရတော့ ဒါက သွေးရိုးသားရိုး မဟုတ်မှန်း သဘောပေါက်ပြီး သေချာစုံစမ်းတဲ့အခါမှာ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုနဲ့ပါ ချိတ်ဆက်မိလာခဲ့တယ်...ဒီကားထဲ အကြိုက်ဆုံး ဒိုင်ယာလော့လေးကတော့ "ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလားတဲ့"တဲ့... Great Illusionist part 1 တုန်းကလိုပဲ ဇာတ်လမ်းအစတည်းက အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ ထူးခြားဆန်းပြားဖွယ်ဇာတ်ကားကောင်းလေးမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးထဲက တစ်ခုပါ.. Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime ...
movie

The Great Illusionist 2 ( 2022 )

The Great Illusionist ( 2020 ) 6.3
The Great Illusionist ( 2020 ) CM တရုတ်ကားဖန်တွေအတွက် ဒီတစ်ခေါက်မှာတော့ ရှားပါး ဖုန်တက် ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားထဲက မင်းသားကတော့ တရုတ်ဖုတ်ကောင်ကားဖန်တွေဆို သိကြမှာမို့ ဒီမင်းသားမြင်တာနဲ့ ဘယ်လိုကားမျိုးဆိုတာ မှန်းနိုင်မှာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ ပေဟိုင်မြို့ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို လုံစုန်အရာရှိအပါအဝင် စခန်းအားလုံး ခေါင်းခဲနေရတာပေါ့... ဘယ်လိုလူသတ်မှုမျိုးလဲဆိုရင်တော့... ရုတ်တရက်ကြီးလမ်းလယ်ခေါင်မှာ ရုတ်တရက်သေသူတွေကို အလောင်းစစ်ဆေးတော့ရေနစ်ပြီးသေကြောင်း အဖြေထွက်လာတာကြောင့်ပေါ့... ဒီအမှုကနေ စပ်ဆက်လေ့လာလိုက်တော့ လူ ၁၇ ယောက်လောက် တစ်ချိန်တည်းဒီလိုပုံစံတူသေတာလည်းရှိတာမို့ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုလို့ နာမည်တပ်ခဲ့ရတာပေါ့...ဒီလိုနဲ့ မစ္စတာရော်ဘင်အကူအညီနဲ့ အမှုကို စုံစမ်းဖော်ထုတ်တဲ့ ခရီးစဉ်ဆက်ခဲ့တာပေါ့... ဒီအမှုကိုစုံစမ်းရာကနေ သဘာဝလွန် ထူးခြားဖြစ်စဉ်တွေပါ ရှာဖွေတွေ့လာရာကနေ အမှုမှန်ပေါ်ပေါက်ပါ့မလား... အမှုနောက်ကွယ်မှာ ဘာလျို့ဝှက်ချက်ရှိမယ်ဆိုတာလေး ဇာတ်လမ်းလေး ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်လိုက်ကြပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Great Illusionist ( 2020 )