Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Guanjin Bu
5.8
Just For Meeting You ( 2023 )
ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသား အချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့် ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာ အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီး မေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာ သတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး ကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလား ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
Just For Meeting You ( 2023 )
5.9
Too Beautiful To Lie ( 2023 )
လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီး အခြေနေတွေကြောင့် လူလိမ်မလေးက ငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီး မိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။ လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကို အခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Too Beautiful To Lie ( 2023 )
5.8
Awakening Spring ( 2023 )
ဘယ်လောက်မှောင်မိုက်တဲ့ညတစ်ည ဖြစ်ပါစေ အာရုဏ်တက်မနက်ခင်း ရောင်နီပျိုးချိန်ဆိုတာ ရောက်လာမှာပါပဲ၊ ဒါပေမဲ့ ဘဝပေးအခြေအနေအရ အဲ့ဒါတွေကို မမြင်ရတဲ့ စိတ်ပိုင်း/ကျန်းမာရေး/ကိုယ်ခန္ဓာပိုင်းဆိုင်ရာ တစ်ခုခုချို့ယွင်းတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော..."ကျွယ်ရှောင်"ဟာ မိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းက မိခင်ရဲ့စွန့်ပစ်သွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာရရှိနေသူ ဖြစ်တယ်လို့ဆိုပြီး သူမကိုမွေးစားပျိုးထောင်ခဲ့တဲ့ဒေါ်လေးဖြစ်သူဟာ သူမကို စိတ်ကျန်းမာရေးစင်တာကို ပို့ထားခဲ့ပါတယ်။ဒီလိုနဲ့ သူမဘဝကို ဝေဒနာတွေကကာရန်လွှမ်းခြုံထားတဲ့အချိန်၊ ခိုကိုးရာမဲ့နေချိန် ဆေးရုံမှာ "သိုက်ချွမ်း"နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။"သိုက်ချွမ်း"ဟာလည်း ထိုနည်းတူ စိတ်ရောဂါ ခံစားနေရသူဖြစ်ပြီး "ကျွယ်ရှောင်"ရဲ့မိခင်ဖြစ်သူဟာ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ မျှော်လင့်ချက်မဲ့စကားတွေ စိတ်ထဲရိုက်သွင်းနေတဲ့လူတွေကြားထဲမှာ ပထမဆုံးသော သူမကိုယုံကြည်ကူညီပေးခဲ့တဲ့သူ၊သူမနှလုံးသားရဲ့ တစ်ခုတည်းသော အလင်းရောင်ဖြစ်ခဲ့ပါတယ်...ဒါပေမဲ့ နှလုံးသားချင်းဆက်ပြီး အချင်းချင်း မေတ္တာမျှပေမဲ့လဲ လက်တွေ့ဘဝရဲ့လောကဓံစမ်းသပ်မှုကို ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အခါ...-ပြီးပြည့်စုံတဲ့ လူရယ်ဆိုတာမရှိပေမဲ့၊လိုအပ်ချက်ဆိုတာရှိပေမဲ့၊ ကံကြမ္မာချို့ယွင်းချက်တွေ ရှိနေတဲ့သူတို့နှစ်ယောက်ရဲ့ လက်တွေ့ဘဝအဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို...CM ပရိတ်သတ်တို့ကြည့်ရှုခံစားနိုင်ရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Awakening Spring ( 2023 )