Channel Myanmar

Guillermo Jacubowicz

Argentina, 1985 (2022) 7.7
Argentina, 1985 (2022) Argentina, 1985 (2022)~ IMDb - 7.7/10, Rotten Tomatoes - 98% ~တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ...
movie

Argentina, 1985 (2022)

2022
Heroic Losers (2019) 7.4
Heroic Losers (2019) Warner Bros. Picturesကနေ ဖြန့်ချီလိုက်တဲ့ Dramaကားကောင်းတစ်ကားပါ။လက်ရှိ IMDb Rating 7.4နဲ့ Tomatoesမှာ100%ရထားပါတယ်။1998မှ2002အတွင်း အာဂျင်တီးနားနိုင်ငံမှာCorralitoလို့ခေါ်တဲ့ စီးပွားရေးကပ်ဆိုက်ပါတယ်။အစိုးရကလည်း ဘဏ်အ‌‌ေကာင့်ကနေငွေတွေထုတ်မပေးတော့ပါဘူး။ဘဏ်မှာငွေအပ်ထားတဲ့သူတွေလည်း ဒုက္ခရောက် တစ်နိုင်ငံလုံးလည်းကျပ်တည်းပေါ့။အဲ့လို‌တွေ မဖြစ်ခင်တစ်နေ့မှာ အယ်ဆီနာမြို့ကရိုးသားတဲ့လူတစ်စုကစပ်တူလုပ်ငန်းလုပ်ဖို့ဆိုပြီး ဘဏ်မှာငွေအပ်မိလိုက်တယ်။စီးပွားရေးကပ်ဖြစ်လို့ သူတို့ငွေတွေဆုံးရှုံးလိုက်ရတယ်ထင်နေပေမယ့်ဒီလိုအခြေအနေတွေဖြစ်မှာသိထားတဲ့ ဘဏ်မန်နေဂျာနဲ့အကြံပေးတစ်ယောက်ကပေါင်းကြံပြီး သူတို့ငွေတွေရော၊ တခြားငွေတွေကိုပါ ထုတ်ယူသွားတာကိုသိလိုက်ရပါတော့တယ်။နောက်တော့ ကလိမ်ကျသွားတဲ့သူဆီကနေ သူတို့ပိုက်ဆံတွေကိုပြန်ရဖို့ ကြိုးစားပါတော့တယ်။ဒီကားထဲမှာ အဖိုးကြီးတွေဦးဆောင်တဲ့ရိုးသားတဲ့လူတစ်စုကကလိမ်ကျသွားတဲ့သူစီကနေ သေချာအစီအစဉ်တွေဆွဲပြီးတော့သူတို့ပိုက်ဆံတွေကိုခိုးယူဖို့ကြိုးစားပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ပါအုံးရှင်။ File Size : ( 1 GB , 395 MB) Quality : BluRay 720p Running Time : 1 hr 56 min Format : ...
movie

Heroic Losers (2019)