Channel Myanmar

Gustavo Salmerón

The Elderly (2022) 5.3
The Elderly (2022) The Elderly (2022)~ IMDb - 5.3/10, Rotten Tomatoes - 100% ~ဒီကားလေးကတော့ 2022 ခုနှစ်ထွက် စပိန် ဟော်ရာ ဖန်တ‌စီကားလေးဖြစ်ပါတယ်။ Award တစ်ခုလည်းရထားပြီး Nomination လေးခုလည်း ၀င်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာ ရိုဆာဆိုတဲ့အဖွားအိုတစ်ယောက်က ၀ရန်တာပေါ်က ခုန်ချသတ်သေသွားပြီး ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်တစ်ယောက်သာ‌ကျန်ခဲ့လို့ သားဖြစ်သူက ‌အိမ်ပေါ်ခေါ်တင်စောင့်ရှောက်ထားပါတယ်။ ဒါပေမဲ့ မန်နျူရယ်က စိတ်ကျရောဂါကိုခံစားနေရပြီး ထင်ယောင်ထင်မှားတွေဖြစ် အသံတွေကြားနေရတယ်လို့ပြောပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို စတင်လုပ်လာတော့ နဂိုမကြည်ဖြူရင်းစွဲရှိသူချွေးမဖြစ်သူက ပိုမုန်းလာပါတယ်။ အဲဒီနောက်ပိုင်းကဖြစ်ရပ်တွေကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဒီကားလေးက သာမန်ဟော်ရာကားတစ်ကားထက်ကိုပိုပါတယ်။ လက်ရှိကာလဖြစ်ရပ်တချို့တွေကို ထင်ထင်ရှားရှားကို မီးမောင်းထိုးပြနေပြီး တချို့ Scene တွေက တကယ်ကိုစိတ်ညစ်ညူးစရာကောင်းလောက်အောင် ကြောက်စရာမွန်းကျပ်စရာကောင်းပါတယ်။ IMDb မှာ 5.3/10 ပဲ ရထားပေမယ့် ခရမ်းချဉ်သီးကတော့ 100% အပြည့်ရထားလို့ ကြည့်ရှုသူတွေအတွက် အရွေးမမှားလောက်တဲ့ဇာတ်ကားလေးပါပဲ။ အားလုံးပဲ ...
movie

The Elderly (2022)

2022
Loving 5.3
Loving Amar 2017 သို့မဟုတ်​ LOVIING 2017လို့ခေါ်တဲ့ ဒီကားလေးဟာဆိုရင်​ April 21 2017မှာထွက်​ရှိခဲ့တဲ့ကားကောင်းလေးတကားဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ စပိန်​နာမည်​ကြီးဒါရိုက်​တစ်​ဦးဖြစ်​တဲ့ Esteban Crespoကရိုက်​ကူးပေးခဲ့တာဖြစ်​ပြီးတော့ ဇာတ်​ညွှန်းရးရာမှာလည်းသူကိုယ်​တိုင်​အပါအဝင်​ အခြားဇာတ်​ညွှန်းရေးဆရာတွေနဲ့ပူပေါင်းရေးသားခဲ့တာဖြစ်​ပါတယ်​။ထူးခြားတာခုကတော့ ဒီကားမှာနားမည်​ကြီးစပိန်​စီးရီးတခုဖြစ်​တဲ့ Money Heistထဲကမင်းသမီးတလက်​ပါဝင်​သရုပ်​ဆောင်​ထားတာဖြစ်​ပြီးတော့ သူမရဲ့ကောက်​ကြောင်းအလှအပတွေကိုတဝကြီး ခံစားကြည့်​ရှုကြရမှာဖြစ်​ပါတယ်​။ ဇာတ်​လမ်းအမျိုးအစားလေးကတာ့ လူငယ်​သဘာဝဆန်​ဆန်​Drama / Romance ကားလေးဖြစ်​ပါတယ်​။ဇာတ်​လမ်းအညွှန်းလူငယ်​စုံတွဲနှစ်​ဦးဖြစ်​တဲ့ ကားလို့စ်​နဲ့လော်​ရာတို့ဟာပထမဆုံးသောအချစ်​မှာတင်​ပဲပြင်းပြင်းပြပြနဲ့နေ့ရက်​တိုင်းကိုနောက်​ဆုံးရက်​လိုသဘောထားပြီးချစ်​ကြပါတယ်​။ဒါပေမဲ့အချစ်​တို့မည်​သည်​ဖြောင့်​ဖြူးရိုးထုံးစံမရှိဆိုသလိုပါပဲ သူတို့ရဲ့အချစ်​ရေးမှာလည်း ခြံခုန်​တာတွေ စနှိက်​ကျော်​တာတွေရှိလာပါတယ်​။ဒါပေမဲ့လည်း သူတို့နှစ်​ဦးဟာနောက်​ဆုံးအချစ်​ကြောင့်​ ဘယ်​လိုတွေခံနိုင်​ရည်​ရှိပြီးကျော်​ဖြတ်​ကြမလဲဆိုတာကို ရင်​သပ်​ရှု့မောဖွယ်​အလှအပများနဲ့ ခံစားကြည့်​ရှုရမှာဖြစ်​လို့ သင်​သာအချစ်​ဇာတ်​လမ်းကောင်းတွေကြိုက်​တယ်​ဆိုရင် ​ ကြည့်​ရှုသင့်​တဲ့ကားလေးတကားပြဲဖစ်​ပါတယ်​........ ထပ်ပြီး သတိပေးချင်တာက 18+ Movie ဖြစ်တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ ဒီရုပ်ရှင်ကို Jake က ဘာသာပြန်ပေးထားပါတယ်
movie

Loving

2017