Channel Myanmar

Haley Bennett

The Equalizer (2014) 7.2
The Equalizer (2014) The Equalizer (2014)IMDb Rating (7.2) / Rotten Tomatoes (61%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=the+equalizer ကြည့်ပါ။ File size…(5.1 ...
movie

The Equalizer (2014)

2014
4K HEVC
The Devil All the Time 2020 7.6
The Devil All the Time 2020 ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။   File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie

The Devil All the Time 2020

Swallow (2019) 6.3
Swallow (2019) ဒီရုပ်ရှင်ကတော့ တော်တော် ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါ။အစပိုင်းကနေ အဆုံးထိ သင့်ကို တဖြည်းဖြည်းချင်း ဆွဲငင်သွားမှာပါ။ဇာတ်လမ်းကတော့ Hunterဆိုတဲ့ မိန်းကလေးရဲ့ဘဝကိုအခြေတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။Hunterကတော့ လုံးဝပြီးပြည့်စုံတဲ့ သူချမ်းသာမိသားစုကလူတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ သတို့သမီးအသစ်လေးပါ။သူမက လက်ခံမှုရှိပြီး ညင်သာတဲ့ မိန်းကလေးပါ။ဒါပေမယ့် Hunterက သူမရဲ့နေ့ရက်တိုင်းကို ခင်ပွန်းဖြစ်သူရဲ့ခြောက်ကပ်ကပ် ခေတ်မီအိမ်ကြီးထဲမှာအဆုံးမရှိတဲ့သစ်တောကြီးကို ငေးကြည့်ရင်း ကုန်ဆုံးရတယ်။အဲ ပြဿ နာတွေကတော့ Hunter တစ်ယောက် သက်မဲ့ပစ္စည်းတွေကိုစားစရာလိုမြိုချချင်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ရှိလာတဲ့အခါမှာ စတော့တာပါပဲ။ရုပ်ရှင်အမျိုးအစားကတော့ Drama/Thriller ပါ။စိတ္တဇသည်းထိတ်ရင်ဖိုဇာတ်လမ်းကို လှလှပပလေးရိုက်ကူးထားမို့thriller ချစ်သူတွေအတွက် ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size : ( 893 MB , 245 MB) Quality : WEB-DL ...
movie

Swallow (2019)

The Red Sea Diving Resort (2019) 6.2
The Red Sea Diving Resort (2019) The Red Sea Diving Resort (2019) ဆိုတဲ့ ဒီ စပိုင်ဇာတ်ကားလေးက တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ 'အီသီယိုပီးယားနိုင်ငံက ဂျူးလူမျိုးတွေ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရတဲ့အတွက် အစ္စရေးနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။အစ္စရေးထောက်လှမ်းရေး မော့ဆက် က နိုင်ငံတကာက အေးဂျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကို အစ္စရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ အာရီ လီဗင်ဆင်က ဦးဆောင်ပြီးထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့အကြောင်းလေးပါ။ကယ်ပုံကလည်း ဆန်းပါတယ်။သူတို့ အေးဂျင့်တစ်စုက အီသီယိုပီးယားနိုင်ငံနဲ့ ကပ်နေတဲ့ ဆူဒန်နိုင်ငံမှာ Red Sea Diving Resort ဆိုတဲ့ ဟိုတယ်ကို ဖွင့်ပြီးအဲဒီကနေ ဒုက္ခသည်တွေကို ရေလမ်းကနေ အစ္စရေးရေတပ်အကူအညီနဲ့ လွတ်မြောက်အောင် ကူညီပေးနေတာပါ။အထူးလေ့ကျင့်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား အေးဂျင့်တွေက ဟိုတယ်မှာ ဝန်ဆောင်မှုပေးနေရင်းဒုက္ခသည်တွေကို ထွက်ပြေးလွတ်မြောက်အောင် ဘယ်လိုကူညီခဲ့ကြလဲဆိုတာ ရင်တစ်မမ ...
movie


2019
Marley & Me (2008) 7.1
Marley & Me (2008) Marley & Me(2008) IMDb - 7.1/10_____Rotten - 62%  အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေ အကြိုက်တွေ့စေမယ့် Comedy - Drama အမျိုအစားလေးပါ... ဒီကားလေးကတော့ Marley ဆိုတဲ့ခွေးလေးနဲ့ သူ့သခင် John Grogan ရဲ့မိသားစု အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်..... John နဲ့ Jenny Grogans တို့လင်မယားနှစ်ယောက်လက်ထပ်ပြီး အလုပ်အတွက် မိုင်ယာမီကိုပြောင်းလာတာကနေစတာပဲ..... အိမ်ထောင်သက်အနည်းငယ်ရလာတော့ မိန်းမဖြစ်သူJenny က ကလေးလိုချင်လာတယ်... ဒါကို ကလေးမယူချင်သေးတဲ့John က မိန်းမကိုအာရုံလွှဲတဲ့အနေနဲ့ ခွေးလေးမွေးဖို့ကြံလိုက်တယ်...အဲ့ဒီမှာ John အတွက် ငါးပါးမှောက်တော့တာပဲ.... မွေးထားတဲ့ ခွေးလေး Marley ဟာ  တစ်အိမ်လုံးမှာ ရှိသမျှပစ္စည်းတွေကိုဖျက်ဆီးဖို့ တာဝန်ပေးထားသလား မှတ်ရတယ် ..အကုန် ကိုက် စုတ် ဖြဲ တဲ့ တာဝန်ကိုခန့်ခန့်ကြီးယူထားပါတယ်.. တော်တော်သောင်းကျန်းပြီး  ချစ်လည်းချစ်စရာကောင်း ရယ်လည်းရယ်ချင်စရာလည်းကောင်း အမြင်ကတ်ချင်စရာလည်းကောင်းတဲ့ခွေးလေးတစ်ကောင်ပေါ့... Marley ကသောင်းကျန်းတဲ့ခွေးလေးဖြစ်ပေမယ့် တစ်မိသားစုလုံးက ချစ်တယ် သူကလည်း မိသားစုကိုအရမ်းချစ် တစ်ကားလုံး ရယ်စရာ စိတ်ညစ်စရာ ရသတွေအပြင်Johnတို့ လင်မယား(၂)ယောက်ရဲ့ ပြဿနာတွေဘယ်လောက်ဖြစ်ဖြစ် ပြေလည်အောင်ညှိကြတာတွေကို ဟာသလေးတွေနှောပြီး ပညာပေးထားတဲ့ကားလေးပါ...ကိုင်းခံစားကြည့်လိုက်ပါဦး... Grogan လင်မယားအဖြစ် သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ မင်းသားကြီး Owen Wilson ...
movie

Marley & Me (2008)

2008
Thank You for Your Service (2017) 6.6
Thank You for Your Service (2017) CMပရိသတ်ကြီးအတွက်လောလောလတ်လတ်ထွက်ရှိလာတဲ့ စစ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးနာမည်ကတော့ Thank U for Your Service(2017)ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအသွားလေးကတော့ အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတာရဲ့ Adamတစ်ယောက် တာဝန်တစ်နှစ်ကျော်ထမ်းဆောင်ပြီး ဇာတိ ကန်းဆက်ပြည်နယ်ကိုပြန်လာရပုံနဲ့စတင်ထားပါတယ်။ချစ်ဇနီး Saskia ရယ်၊ရင်သွေးနှစ်ယောက်ရယ်နဲ့ပျော်ရွှင်စရာဘဝလေးကိုတည်ဆောက်ဖို့ကြိုးစားပေမယ့် မထင်မှတ်ထားတဲ့အဖျက်အမှောက်တစ်ခုနဲလ ကြုံလာရပါတော့တယ်။အဲ့တာကတော့ စစ်ပွဲအနိဠာရုံတွေကို ပြန်လည်အမှတ်ရနေတဲ့ စိတ်ရောဂါပါပဲ။Adamကပဲ ဒီရောဂါကိုအနိုင်ပိုင်းနိုင်မလား။နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါလို့ပဲတိုက်တွန်းလိုက်ပါတယ်။Imdb Rating 6.5 နဲ့ Rotten Tomatoes 77% ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုမြည်းစမ်းကြည့်သင့်တဲ့ကားလေးပါ။ (စကားလုံးအသုံးအနှုန်းကြမ်းတမ်းခြင်းကိုသတိပြုရန်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre :Biography, Drama, War  Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lex Luthor Encoded by Thanhtike Zaw
movie


2017
The Girl on the Train (2016) 6.6
The Girl on the Train (2016) The Girl On the Train' ငါ့အမျိုးသားက ငါ့ကိုအမြဲတမ်းစိတ်ကူးယဉ်တယ်လို့ပြောတတ်တယ် ငါမတတ်နိုင်ဘူးလေ ငါဆိုလိုချင်တာက မင်းဟာရထားစီးနေရင်းနဲ့ ရထားလမ်းဘေးကလူတွေရဲ့ ဘဝကဘယ်လိုလဲဆိုတာ စဉ်းစားကြည့်ဖူးလား??? မင်းမနေဖူးတဲ့ဘဝမျိုးတွေလေ အဲ့ဒါတွေက ငါသိချင်နေတဲ့အကြောင်းတွေပဲ'Emily Bluntရဲ့ 2016နှစ်ကုန်နီးကမှထွက်တဲ့ DVDလေးအကြောင်း လက်တို့ပါရစေ။ ဒီ Movieကို ကျွန်တော့်ဖေးဗရိတ်ထဲကျွန်တော်ထည့်လိုက်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ခြင်းမတူနိုင်ပါဘူး။ ဒီ Movieဟာ ခံစားသူအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးထွက်နိုင်ပါတယ်။မူရင်းစာရေးဆရာရည်ညွှန်းတာကတော Thrillerပါ။ Paula Hawkinရဲ့ အရောင်းရဆုံးစာအုပ် That Shocked The Worldကို ပြန်ရိုက်တာပါ။ DVDကာဗာမှာ Entertainment Weekly က ' The Darkest,Sexiest,Most Daring Thriller of the Year.'လို့ညွှန်းတာကို ဖော်ပြထားပါတယ်။ဒီmovieမှာက ဇာတ်ကောင်အများကြီးမပါပါဘူး။ 6ယောက်ပဲပါတယ်။ အဲ့ ဇာတ်ကောင် 6ယောက်ရဲ့ ပတ်သတ်မှုတွေကို တစ်ခန်းခြင်းဆီ ပြီးတော့ အချိန်တွေ လတွေနဲ့ပါ ခွဲပြီးရိုက်ပြထားပါတယ်။ ...
movie

The Girl on the Train (2016)

2016
Hardcore Henry (2015) 6.8
Hardcore Henry (2015) 2015 ရဲ့ ထူးထူးခြားခြား ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ IMDb ၆.၈ နဲ့ FPS စတိုင်ကားပါ။ FPS ဆိုတာ ဂိမ်းကစားသူတွေ အတွက်ရင်းနှီးပေမယ့် သာမာန်ရုပ်ရှင်ချစ်သူတွေ အတွက်တော့ ထူးခြားနေပါလိမ့်မယ်။ ဇာတ်ကောင်ရဲ့ မြင်ကွင်းအဖြစ် ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ကောင်ကို မမြင်ရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီကို သေရွာကနေ သိပ္ပံပညာနဲ့ ဇနီးဖြစ်သူက ပြန်အသက်သွင်းခဲ့ပြီး သူနိုးထလာချိန်မှာပဲ ဇနီး ဖြစ်သူကို ဂိုဏ်းခေါင်းဆောင် စိတ်စွမ်းအားရှင်တစ်ဦးက ဖမ်းဆီးသွားပါတယ်။ မှတ်ဥာဏ်မရှိ ဘာတွေဖြစ်နေမှန်း မသိတော့တဲ့ ဟင်နရီဟာ ဇနီးဖြစ်သူကို လိုက်ကယ်တင်ရင်း သိချင်တဲ့ အဖြေတွေကို ရှာဖွေရပါတော့မယ်။ ဒီဇာတ်ကားကလည်း အက်ရှင်တွေ အတော်ကောင်းပြီး ဇာတ်လမ်းကလည်း ဆက်တိုက် အရှိန်မြင့်လာတာမို့ ကြည့်ဖို့ကောင်းမယ့် ကားတစ်ခုပါပဲ။ အနည်းငယ်တော့ အစပိုင်းမှာ မူးကောင်းမူးသွားနိုင်တာကို သတိပြုပါခင်ဗျာ။ ဇတ်လမ်းအညွန်းကို Little Neo မှ ရေးပေးထားတာဖြစ်ပြီး ရုပ်ရှင်ကိုတော့ ...
movie

Hardcore Henry (2015)

2015