Channel Myanmar

Han Congcong

Speed Fight ( 2024 ) 5.7
Speed Fight ( 2024 ) ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက နေရာတစ်ခုမှာအတည်တစ်ကျမနေရပဲ အိမ်တွေခဏခဏပြောင်းပြီးနေခဲ့ရတာ ဘာကြောင့်လဲနားမလည်နိုင်ခဲ့ဘူး။ အမေကအမြဲတမ်းသူ့ကိုသူများနဲ့ရန်မဖြစ်ဖို့ လက်မပါဖို့ပြောနေခဲ့တာကိုမကျေနပ်ခဲ့ဘူး။တစ်နေ့မှာတော့ ပြဿနာကအိမ်ဝထိရောက်လာတော့မှပဲသိလိုက်ရတယ်။ တကယ်တော့ကောင်မလေးရဲ့အမေက မျိုးရိုးဗီဇပြောင်း စူပါစွမ်းအားတွေသုတေသနလုပ်တဲ့နေရာမှာ အစမ်းသပ်ခံတစ်ယောက်ဖြစ်ခဲ့တာဖြစ်နေပါတယ်။မပြီးပြည့်စုံပဲ အစမ်းသပ်ခံတွေသေရတဲ့အတွက် စီမံကိန်းကိုဖျက်လိုက်ပေမယ့် ပါမောက္ခကြီးကလက်မလျှော့နိုင်ပဲ တိတ်တဆိတ်ဆက်ပြီးလုပ်နေတာပဲဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်သူ့ဘဝရဲ့ပဟေဠိတွေကိုအဖြေရှာရင်း သူ့အမေကိုလိုက်ကယ်တဲ့ စူပါစွမ်းအားတွေနဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Science-Fiction Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Speed Fight ( 2024 )

Songjiang God Father ( 2023 ) 5.9
Songjiang God Father ( 2023 ) SongJiang GodFather ဆိုတဲ့ Action ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1930 ခုနှစ် အစောပိုင်းလောက်မှာ ဂျပန်က တရုတ်ပြည်မထဲက ဟယ်နန်ပတ်ဝန်းကျင်မှာ စီးပွားရေးတိုးချဲ့ရန် ကြိုးစားနေပါတယ်။ ထိုအချိန်မှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်လာခဲ့ပါတယ်။ဂျပန်လျှို့ဝှက်တပ်ဖွဲ့တွေကလဲ ကျန့်ကျိုးတစ်ဝိုက်မှာ လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဂျပန်တွေ ဖက်ကလဲ ဂျပန်တုန်းယန်ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေး ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ပြည်မအတွင်းမှ ကုန်သည်များအဖွဲ့နဲ့ ပူးပေါင်းရန် လိုအပ်နေပါတယ်။ဒါကို ကုန်သည်များအဖွဲ့ဥက္ကဌကြီးကုက လက်မခံခဲ့ပါဘူး။ သို့သော် ဥက္ကဋ္ဌကြီးရဲ့ သားအရင်းဖြစ်သူ ကုရှီးကွမ်းကတော့ ဂျပန်တွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရချင်တဲ့အတွက် အ ဖေဖြစ်သူကို သတ်ခဲ့ပြီး သူ့ရဲ့မွေးစားညီဖြစ်သူ ကုယန့်ချိုးကို စွပ်စွဲခဲ့ပါတယ်။လူသတ်သမားအဖြစ် စွပ်စွဲခံထားရတဲ့ ကုယန့်ချိုးတစ်ယောက် သူအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ဘယ်လို ကြိုးစားရမလဲ...... သူ့အဖေကို သတ်ခဲ့တဲ့လူကိုရော ကလဲ့စားပြန်ချေနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 10 min Subtitle : ...
movie

Songjiang God Father ( 2023 )

The Unbeatable ( 2021 ) 6
The Unbeatable ( 2021 ) CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့ မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူ Li Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့ မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့ သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီး ကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး နှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်း သူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲ စိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန် ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာ သူမဟာအမှန်တရားကိုသိလိုက်ရတယ်။ အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated By Nu Mon , Hnin Wut Hmon , Shwe Zin Oo Encoded by LK
movie

The Unbeatable ( 2021 )

Fighting Immortal Statue ( 2020 ) 5.3
Fighting Immortal Statue ( 2020 ) ဒီဇာတ်ကားလေးကတော့ April 17 2020မှာထွက်ထားတဲ့ Action Drama Romanceသိုင်းကားကောင်းတစ်ကားဖြစ်ပါတယ် ထျန်းဟယ်နှစ်ပိုင်းကာလနတ်တံခါးပွင့်လာပြီးနတ်အပေါင်းဟာလူ့ပြည်ကိုထွက်ပြေးလာကြပြီး လောကသားတွေကိုဒုက္ခပေးတဲ့နတ်တွေရှိနေပါတယ်..မိုးနတ်မင်းဟာ သစ္စာဖောက်နတ်တွေကိုဖမ်းဆီးစေဖို့ထျန်းကျင့်စေးဌာနကို တာဝန်ပေးခဲ့ပါတယ်...ထျန်းကျင့်စေးကိုအုပ်ချုပ်ရတဲ့ကျင့်ကျွင်းအမတ် ဟာသစ္စာဖောက်နတ်တွေကိုလိုက်ရှာပြီး ဖမ်းဆီးစေခဲ့ပါတယ်...ဒါပေမယ့်သစ္စာဖောက်နတ်တွေကို နတ်ပြည်သို့ပြစ်ဒဏ်ခံယူဖို့မပို့မီ ထျန်းကျင့်စေးမှာရှိနေစဉ်သေကြေပျက်စီးမှုတွေများလာတဲ့အခါ....ထျန်းကျင့်စေးမှာတာဝန်ထမ်းဆောင်တဲ့မုရုံဖုံးက သစ္စာဖောက်နတ်တွေရဲ့အစွမ်းကိုစုပ်ယူပြီးသတ်ဖြတ်နေတယ်လို့ မတရားစွပ်စွဲခံရတဲ့အခါ အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလား...နောက်ကွယ်ကကြိုးကိုင်နေသူကဘယ်သူဖြစ်မှာလဲ....ထင်မထားတဲ့လှည့်ကွက်တွေပါဝင်လို့ သဘောကျမိတဲ့ဇာတ်ကားတစ်ပုဒ်ပါမုရုံဖုံးနဲ့ လော့ရှီးတို့ရဲ့အချစ်ကို ကြည့်ရင်း ရင်ထဲစူးနစ်ဖွယ်ခံစားမိပါတယ်Translated & Review By Phyo ZawEncoded By LK
movie

Fighting Immortal Statue ( 2020 )