Channel Myanmar

Han Hye-rin

Shoot Me in the Heart (2015) 7.1
Shoot Me in the Heart (2015)  Shoot Me In The Heart ဇာတ်ကားကတော့ Director : Je-Yong Mun ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Korean Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.1/10 Box office - US$2.6millionဒီဇာတ်ကားထဲမှာဆိုရင် မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။"တစ်ချို့လူတွေက ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့် တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် "***ဇာတ်လမ်းအညွှန်း***Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ ဇာတ်လမ်းစထားပါတယ်။Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့် ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။ ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။ သူက Paraglider Champian တစ်ဦးဖြစ်ပြီး မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။Soo-myung က အရင်တုန်းကတော့ ဆေရုံမှာသာ ပျော်ပြိးဆော့နေပေမယ့် Seung-Min ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲကြီးဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။ ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့ ပြောလာခဲ့မှာဆိုရင်တော့.... ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ ဘယ်လိုလွတ်အောင် ကြံကြမလဲ... တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ...ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော်ဟာသတွေ ...
movie

Shoot Me in the Heart (2015)

2015