Channel Myanmar

Han Ji-min

The Fatal Encounter (2014) 6.9
The Fatal Encounter (2014) ဒီကားလေးကတော့ကိုရီးယားနန်းတွင်းကားလေးပါ။မင်းသား Hyun Bin ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ဂျိုဆောင်ပြည်နယ်ရဲ့၂၂ဆက်မြောက် ဂျောင်ဂျိုဘုရင်ဟာငယ်စဉ်ကတည်းကခမည်းတော်ဖြစ်သူမျက်စိရှေ့မှောက်အဖိုးတော်ထံမှသေမိန့်ပေးခံရတာကိုမြင်ခဲ့ရသူပါ။တိုင်းပြည်မှာပုန်ကန်သူတွေသစ္စာဖောက်တွေထကြွသောင်းကျန်းချိန်မှာထီးနန်းတက်ရတဲ့ကံဆိုးသူဘုရင်အဖြစ်လည်းနာမည်ကြီးပါတယ်။သူယုံကြည်တဲ့တစ်ဦးတည်းသောသူကတော့အစ်ကိုလိုသူငယ်ချင်းလိုဖြစ်နေတဲ့ဂတ်ဆိုကုန်းကုန်းပါ။အဖိုးတော်ရဲ့ဇနီးငယ်လေးဖြစ်တဲ့အဖွားတော်ဟာလည်းလုပ်ကြံမှုထဲပါဝင်ပတ်သက်နေသူပါ။မယ်တော်ဖြစ်သူဟာလည်းသားတော်လေးကိုတတ်အားသရွေ့ကြိုးစားကာကွယ်ချင်သူ။ မင်းကြီးမသိခဲ့တဲ့နောက်ကွယ်ကဇာတ်ကြောင်းတွေနဲ့လုပ်ကြံမှုတွေတိုင်းပြည်ငြိမ်သက်အောင်စွမ်းဆောင်နိုင်မလားဆိုတာကတော့နန်းတွင်းကားနှစ်သက်သူတွေလက်မလွတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပါ။(ဇာတ်လမ်း အညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Noe ဖြစ်ပီး Arkar Phyo မှ encode ပေးထားပါတယ်။) File Size : (1.33 GB) & (486MB) Quality : .1080p.BluRay Running Time :2hr  16min Format : Mp4 Genre    :  Action,Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Noe Encoded by Arkar Phyo (Yrfatt)
movie

The Fatal Encounter (2014)

2014
Miss Baek (2018) 6.8
Miss Baek (2018) ဒီကား​​လေးက​​တော့ child abuse အ​ကြောင်းရိုက်​ထားတဲ့ဇာတ်​လမ်း​လေးပါ တကယ့်​ဖြစ်​ရပ်​မှန်​ကိုရုပ်​ရှင်​ရိုက်​ထားတာဆို​တော့ ရင်​ထဲ​တော်​​တော်​ထိပါတယ်​ ( ဘာသာပြန်​ရင်းမျက်​ရည်​​တောင်​ကျတယ်​ ) သရုပ်​​ဆောင်​​တွေကလည်းတကယ့်​အပိုအလိုမရှိသရုပ်​​ဆောင်​ထားတာပါ ​ message ​တွေအများကြီးနဲ့တကယ့်​အနှစ်​ကား​လေးပါ ကြည့်​ပြီးရင်​ ရင်​ထဲတစ်​ခုခု​တော့ကျန်​ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးက​တော့ ​​​ဘတ်​ဆန်းအာ(miss beak) ဟာ လူသတ်​ဖို့ကြိုးစားမှုနဲ့​ထောင်​ကျဖူးတဲ့အမျိုးသမီးတစ်​​ယောက်​ ငယ်​စဉ်​ကတည်းအ​ကြောင်းအမျိုးမျိုး​ကြောင့်​ အ​မေအရင်းက​နေစွန့်​ပစ်​တာကိုခံခဲ့ရတယ်​ ဒီလိုနဲ့ဘ၀ကိုဖြစ်​သလိုရပ်​တည်​လာရင်း မထင်​မှတ်​ပဲ​အေးစက်​​နေတဲ့​ဆောင်းညတစ်​ညမှာ လမ်း​ဘေးမှာထိုင်​ပြီးခိုက်​ခိုက်​တုန်​​နေတဲ့ ကိုးနှစ်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့​စ​တွေ့ခဲ့တယ်​ အဲ့က​လေးမ​လေးကလည်းအ​ဖေအရင်းနဲ့ အ​ဖေဖြစ်​သူရဲ့အတူ​နေရည်းစားရဲ့နှိပ်​စက်​မှု​တွေကို အရွယ်​နဲ့မလိုက်​​အောင်​ခါးစည်းခံ​နေရတဲ့က​လေးမ​လေး ဒီက​လေးမ​လေးကိုဘတ်​ဆန်းအာက​တွေ့သွားတဲ့အချိန်​မှာ ဘတ်​ဆန်းအာက သူ့မရဲ့အတိတ်​ကဘ၀ကိုသတိရသွားပြီး ဒီက​လေးမ​လေးအ​ပေါ်သနားသွားပါ​တယ်​ ဘတ်​ဆန်းအာကဒီ​က​လေးမ​လေးရဲ့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေကို​တွေ့ပြီး က​လေးမ​လေးကိုနှိပ်​စက်​ကြတဲ့အ​ကြောင်းကိုသိသွားပါ​တော့တယ်​ ဘတ်​ဆန်းအာနဲ့ဒီက​လေးမ​လေး​တွေ့ပြီး ​ ဘာ​တွေဆက်​ဖြစ်​မှာလဲ ဒီက​လေးမ​လေးကို​ရော ဘတ်​ဆန်းအာကကယ်​တင်​နိုင်​မှာလား ဘတ်​ဆန်းအာကို​ရော သူ့အ​မေကဘာလို့စွန့်​ပစ်​သွားခဲ့တာလဲ ဆိုတာ​တွေကို​တော့ ဇာတ်​လမ်းထဲမှာပဲကြည့်​​ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie

Miss Baek (2018)

2018
Keys to the Heart (2018) 7.9
Keys to the Heart (2018) ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲစေမယ့် ၂၀၁၈ ထွက် မင်းသားကြီး လီဗျောင်ဟွန်း ပါဝင်တော်မူသော ကိုရီးယားကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်…IMDb Rating 7.4 ထိ ရထားတာဆိုတော့ rating များရုံမက တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ..ဇာတ်ကားအစကနေအဆုံးထိ ပျင်းစရာလုံးဝမကောင်းဘဲ ပရိတ်သတ်ရဲ့ စိတ်အာရုံကို ဆွဲဆောင်ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်…ဂျိုဟာ ဆိုတဲ့ လက်ဝှေ့ချန်ပီယံဟောင်းတစ်ယောက်ဟာ ဆင်းရဲစွာနဲ့ ကြုံရာကျပန်းအလုပ်လုပ်စားပြီး ဘဝကို ကျောင်းနေရတဲ့လူတစ်ယောက်ပါ…လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေဝေရင်း…လက်ဝှေ့အကူလိုက်ထိုးရင်းနဲ့ ကြုံသလို ဘဝကိုဖြတ်သန်းနေတာပေါ့ …ဂျိုဟာရဲ့အမေဟာ သူ့ကိုငယ်စဉ်တည်းကစွန့်ပစ်သွားတာဖြစ်ပြီး ဂျိုဟာ က တစ်ယောက်တည်းကြီးပြင်းလာခဲ့ရပါတယ်…တစ်နေ့တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားရင်း စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူ့အမေနဲ့ မမျှော်လင့်ဘဲပြန်တွေ့ခဲ့ပါတယ်…ဇာတ်လမ်းလေးကို ပေါ့ပါးရွှင်မြူးစွာရိုက်ကူးထားပြီး ရယ်မောမှုနဲ့ ကြေကွဲမှု နှစ်မျိုးလုံးကို ရရှခံစားစေမယ့်ကားလေးတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်သင့်ဘဲ ရွှေပွဲလာပရိတ်သက်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူလိုက်ပါဦး..၊ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality ...
movie

Keys to the Heart (2018)

2018
Two Lights : Relumino (2018) Two lights: Relumino (2017) Romance/Melodramaသင့်ကိုယ်သင် ငါသာအမြင်အာရုံချို့ယွင်းခဲ့ရင်လ့ ိုတွေးဖူးပါသလား … မျက်လုံးနှစ်လုံးအကောင်းပကတိလူသားတွေတောင် အလှတရားနဲ့ချစ်ခြင်းမေတ္တာဆိုတာကို မမြင်ကြရင် မှောင်အတိပြီးတဲ့လောကကြီးမှာ ပျော်စရာဆိုတာ အလှတရားဆိုတာကို ရှာတွေ့နိုင်ပ့ါမလား … သင်သာ တကယ်အမြင်အာရုံချို့ယွင်းခဲ့ရင်ရော … လောကကြီးကို အရှုံးပေးနေသွားမှာလား- အင်ဆူဆိုတဲ့ကောင်လေးဟာ RP လို့ခေါ်တဲ့မွေးရာပါ အမြင်ချို့ယွင်းမှုခံစားနေရသူပါ …သူဟာ သူ့လိုပဲ တခြားအမြင်ချို့ယွင်းသူတွေနဲ့ဖွဲ့စည်းထားတဲ့ ဓာတ်ပုံကလပ်အသင်းတစ်ခုရောက်သွားတဲ့အခါ …… အလှတရားနဲ့ချစ်ခြင်းမေတ္တာဆိုတာ မျက်လုံးနဲ့ကြည့်မှမြင်ရတာမဟုတ်ဘူးဆိုတာကို ဒီီဇာတ်ကားလေးက သက်သေပြသွားမှာပါZE:A အဆိုတော် မင်းသားချော Park Hyung Sik နဲ့ မင်းသမီးချောလေး Han Ji Min တို့ပါဝင်ထားတဲ့ ဒီကားလေးဟာ မိနစ်သုံးဆယ်သာကြာမြင့်ပေမယ့် တွေးတောတတ်သူတွေအတွက်တော့ သင်ခန်းစာတွေရနိုင်မှာပါQty - 720p Web DLGern - Drama /MelodicDuration - 30minSubtitle - MyanmarTranslator - Eain LayEncoder - Kyaw ...
movie

Two Lights : Relumino (2018)

The Age of Shadows (2016) 7.1
The Age of Shadows (2016) The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100%  Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie

The Age of Shadows (2016)

2016