Channel Myanmar

Han Mengwu

The First Myth: Clash of Gods ( 2021 ) 6
The First Myth: Clash of Gods ( 2021 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင် ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့ စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော် ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့ အမတအပေါင်းတို့ရဲ့စွမ်းအားတွေကို ပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား, လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေ ကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီ ပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေက ဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့ လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 32 min Subtitle : Myanmar Subtitle ( ...
movie

The First Myth: Clash of Gods ( 2021 )

Maoshan Heavenly Master ( 2022 ) 6.2
Maoshan Heavenly Master ( 2022 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Maoshan Heavenly Master ဆိုတဲ့ မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ကျန်းကျောက်လင်ဆိုတဲ့ ပယောဂဆရာက ချီလျန်ဆိုတဲ့ မကောင်းဆိုးဝါးကို ဖမ်းပြီး ခွင်းလွန်တောင်မှာ ပြစ်ဒဏ်ပေးဖို့ ခေါ်လာခဲ့ရာမှာ မထင်မှတ်ဘဲ လှည့်စားခံလိုက်ရပြီးချီလျန်ဟာ လွတ်မြောက်သွားခဲ့ပါတယ်တာဝန်မကျေပွန်ခဲ့တဲ့ ကျန်းကျောက်လင်ကို သူ့ဆရာက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူ့အနားကနေ ထွက်သွားခိုင်းလိုက်ပါတယ် ကျန်းကျောက်လင်က အဲ့အချိန်ကစလို့ ချီလျန်ကိုသတ်ပစ်ဖို့ ရေဆုံးမြေဆုံးလိုက်ရှာရင်း တခြားမကောင်းဆိုးဝါးတွေဖြစ်တဲ့ ဟေးဝူချန်နဲ့ ပိုင်ဝူချန်တို့ကို ဖမ်းဆီးရင်း နံပါတ်တစ်ဓါးသမား လျောက်ဖုန်းရီနဲ့ဆုံခဲ့ပါတယ်ရွမ်ထျန်းမြွေကြီးအဖြစ်ပြောင်းလဲဖို့ ယန်ဓာတ်ပြည့်ဝတဲ့သူတွေကို လိုအပ်နေတဲ့ ချီလျန်အတွက်တော့ လျောက်ဖုန်းရီဟာ သားကောင်တစ်ယောက်ဖြစ်လာခဲ့ရာမှာ ကျန်း‌ကျောက်လင်က ကူညီပေးခဲ့ရာကနေ နောက်ဆုံးမှာ ချီလျန်ကို ပူးပေါင်းနှိမ်နင်းပြီး လောကကြီးကို အေးချမ်းသာယာအောင် ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာကို‌တော့ CM ကနေတင်ဆက်ပေးထားတဲ့ Maoshan Heavenly Master ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုလို့ရပါပြီနော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Horror , Drama Runtime : 1h 9min Subtitle ...
movie

Maoshan Heavenly Master ( 2022 )

Fighting Immortal Statue ( 2020 ) 5.3
Fighting Immortal Statue ( 2020 ) ဒီဇာတ်ကားလေးကတော့ April 17 2020မှာထွက်ထားတဲ့ Action Drama Romanceသိုင်းကားကောင်းတစ်ကားဖြစ်ပါတယ် ထျန်းဟယ်နှစ်ပိုင်းကာလနတ်တံခါးပွင့်လာပြီးနတ်အပေါင်းဟာလူ့ပြည်ကိုထွက်ပြေးလာကြပြီး လောကသားတွေကိုဒုက္ခပေးတဲ့နတ်တွေရှိနေပါတယ်..မိုးနတ်မင်းဟာ သစ္စာဖောက်နတ်တွေကိုဖမ်းဆီးစေဖို့ထျန်းကျင့်စေးဌာနကို တာဝန်ပေးခဲ့ပါတယ်...ထျန်းကျင့်စေးကိုအုပ်ချုပ်ရတဲ့ကျင့်ကျွင်းအမတ် ဟာသစ္စာဖောက်နတ်တွေကိုလိုက်ရှာပြီး ဖမ်းဆီးစေခဲ့ပါတယ်...ဒါပေမယ့်သစ္စာဖောက်နတ်တွေကို နတ်ပြည်သို့ပြစ်ဒဏ်ခံယူဖို့မပို့မီ ထျန်းကျင့်စေးမှာရှိနေစဉ်သေကြေပျက်စီးမှုတွေများလာတဲ့အခါ....ထျန်းကျင့်စေးမှာတာဝန်ထမ်းဆောင်တဲ့မုရုံဖုံးက သစ္စာဖောက်နတ်တွေရဲ့အစွမ်းကိုစုပ်ယူပြီးသတ်ဖြတ်နေတယ်လို့ မတရားစွပ်စွဲခံရတဲ့အခါ အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလား...နောက်ကွယ်ကကြိုးကိုင်နေသူကဘယ်သူဖြစ်မှာလဲ....ထင်မထားတဲ့လှည့်ကွက်တွေပါဝင်လို့ သဘောကျမိတဲ့ဇာတ်ကားတစ်ပုဒ်ပါမုရုံဖုံးနဲ့ လော့ရှီးတို့ရဲ့အချစ်ကို ကြည့်ရင်း ရင်ထဲစူးနစ်ဖွယ်ခံစားမိပါတယ်Translated & Review By Phyo ZawEncoded By LK
movie

Fighting Immortal Statue ( 2020 )