Channel Myanmar

han zhao

National Secret Agent ( 2023 ) 5.6
National Secret Agent ( 2023 ) ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။ အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကို စောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့ သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက် ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီး တောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့ တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့ သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာ သူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင် လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

National Secret Agent ( 2023 )

The Unexpected Man ( 2021 ) 5.2
The Unexpected Man ( 2021 ) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့... ချန်ကျန်းဟာအရမ်းတော်တဲ့သချာ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာစာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ်အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာအကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကိုရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ်အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက်ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ် Quality : WEB-DL 1080pFormat: mp4Genres : Drama , Suspense , CrimeRelease Date : 27.9.21During : 1h 37 minSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie

The Unexpected Man ( 2021 )