Channel Myanmar

Haoran Zhang

Get In The Dark ( 2022 ) 6.1
Get In The Dark ( 2022 ) ဖူရွှိန်မြို့တော်မှာ တည်ရှိတဲ့ စက္ကူအရုပ်ဆိုင်လေးတစ်ဆိုင်ဆီကို ဧည့်သည်တစ်ယောက်ရောက်ရှိလို့လာခဲ့ပါတယ်....! သူကတော့ သတင်းတစ်ယောက်ဖြစ်တဲ့ လုရှောင်ရှန်းပါ ။ လာရတဲ့ အကြောင်းအရင်းကတော့ မြို့တော်မှာ ပျံ့နှံ့နေတဲ့ ထူးဆန်းလှတဲ့ အကြောင်းအရာတစ်ခုကြောင့်ပါ ။ အဲဒီ ထူးဆန်းလှတဲ့ အကြောင်းအရာက ဘာများဖြစ်နေမလဲ...?❏ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် ချောင်အိမ်တော်ရဲ့ မမလေးဖြစ်သူ ချောင်ယွမ်ယွမ်ဟာ သေဆုံးခဲ့ရပါတယ်။ ချောင်အိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်သူဟာ ချောင်ယွမ်ယွမ်ကို သဂြိုလ်ဖို့ စက္ကူရုပ်ဆိုင်ပိုင်ရှင် လျိုစန်းကို စက္ကူရုပ်တစ်ရုပ်လုပ် ခိုင်းခဲ့ပါတယ် ။လျိုစန်းဟာ စက္ကူရုပ်အပေါ်ကို မျက်လုံးတပ်ပေးလိုက်တဲ့ အချိန်မှာတော့ ​ချောင်အိမ်တော် သခင်ကြီးကို လက်စားချေဖို့ ကြောက်မက်ဖွယ်ရာကိစ္စတွေ ဖြစ်ပေါ်လာခဲ့တဲ့အခါ...?❏ သရဲ သစ္ဆေနဲ့ပတ်သတ်လာရင် အယူသီးခြင်းမရှိလှတဲ့ လုရှောင်ရှန်း တစ်ယောက် ဒီအမှုကို ကိုင်တွယ်ဖြေရှင်း စစ်ဆေးရင်း သူနဲ့ပတ်သတ်ခဲ့သမျှ လူတွေဟာ သေဆုံးပြီးသားလူတွေဖြစ်ကြောင်း သိရှိသွားတဲ့အခါ....?❏ လုရှောင်ရှန်းတစ်ယောက် ဒီအမှုရဲ့ နောက်ကွယ်အမှန်တရားကို ရှာဖွေနိုင်ပါ့မလား ...? ဆိုတာ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမဲ့ Horror ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် ။ အခုပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Get In The Dark ( 2022 )