Channel Myanmar

He-Hsuan Lin

Do You Love Me as I Love You ( 2020 ) 5.8
Do You Love Me as I Love You ( 2020 ) ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီးအတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာနာမည်ကြီးနေတဲ့ လုံးဝအတွဲမ​ဖြစ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ်ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင်သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကိုကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါတစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီးအဲ့ဒီကောင်လေးကို ဗေဒင်ယ​တြာတွေကအစအသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ်အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်ကတခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူးသူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါအဲ့ဒါကတော့... တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းကကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာMI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင်တွဲမယ်လို့ပြောလိုက်တာပါပဲ ဒီလိုနဲ့ ပိုချစ်ရတဲ့လူကရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကိုကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက်ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲရှောင်ရှန်းလေးရဲ့အချစ်ရေးကရောဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော်  Quality : BRRip 1080p Format : mp4 Duration ...
movie

Do You Love Me as I Love You ( 2020 )