Channel Myanmar

Hildegard Schroedter

The Cuckoo’s Curse (2023) 5.6
The Cuckoo’s Curse (2023) The Cuckoo's Curse (2023)ဒီတစ်ခေါက်က‌တော့ စပိန် Thriller, Mystery ရုပ်ရှင်အလှည့်ပါ။ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ မက်နဲ့ ကိုယ်၀န်သည် အန်နာတို့လင်မယား ထူးဆန်းတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ Plot ဖြစ်ပါတယ်။မက်က အာခီတက်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ ဦးစားပေးတဲ့သူပါ။ အန်နာကတော့ သားဖွားဆရာဝန်ဖြစ်ပြီး ကိုယ်တိုင်ကလည်း မကြာခင် မွေးတော့မှာမို့ အလုပ်က အနားယူရင်း အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။သူတို့ ခရီးထွက်တဲ့စိတ်ကူးကလည်း အဆန်းပါ။ Website မှာတွေ့တဲ့ ဂျာမန်လူအိုစုံတွဲနဲ့ အိမ်ချင်းလဲပြီး နေဖို့စီစဉ်ထားတာပါတဲ့။ စစရောက်လာချင်းမှာတော့ မက်တို့နေရတဲ့အိမ်ကြီးက ခေတ်မီအသုံး‌အဆောင်တွေနဲ့ အပျံစားမို့ သဘောအကျကြီးကျနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်စတစ်စ မက်က အရင်နဲ့မတူဘဲ သူမဟုတ်သလိုတွေ လုပ်လာတဲ့အခါ... တစ်ဖက်မှာလည်း အန်နာတို့အိမ်မှာနေနေတဲ့ စုံတွဲက ထူးထူးဆန်းဆန်းတွေ လုပ်နေတာကို အိမ်နီးချင်းကမြင်ပြီး အကြောင်းကြားတဲ့အခါ...ဂျာမန်စုံတွဲလိုချင်တာက အိမ်လဲနေဖို့အပြင် ဘယ်လိုရည်ရွယ်ချက်ရှိနေတာလဲ... အကြောင်းစုံသိသွားတဲ့ အန်နာက ဒီကျိန်စာကနေ ဘယ်လိုလွတ်အောင်လုပ်မလဲဆိုတာ... ဆက်လက်ရှုစားပေးကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

The Cuckoo’s Curse (2023)

2023
[18+] La Maison (2022) 5.7
[18+] La Maison (2022) La Maison (2022)La Maison ခေါ် စံအိမ်တော်လို့ခေါ်တဲ့ ဆောင်ကြာမြိုင်လေးတစ်ခုရဲ့ ဇာတ်လမ်းပါ။အဓိက ဇာတ်ဆောင် မင်းသမီးက စာရေးဆရာ။ သူက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ရင်း ဆောင်ကြာမြိုင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတဲ့နောက်မှာ ဆောင်ကြာမြိုင်ကို စိတ်ဝင်စားသွားပြီး ကိုယ်တိုင်အလုပ်လုပ်ရင်း နောက်ရေးမယ့်စာအုပ်အတွက် ကုန်ကြမ်းရှာပါတော့တယ်။စာအုပ်အသစ်မရေးနိုင်သေးလို့ ကြပ်တည်းနေတဲ့အချိန်မှာ ဒီအလုပ်က ငွေရတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာပေါ့။ ဒါပေမဲ့ သူက စာရေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ဒီအလုပ်ကို ခင်တွယ်လာတယ်။ ဒီစံအိမ်ကို ခင်တွယ်လာတယ်။ အဲဒီက အမျိုးသမီးလေးတွေကို ခင်တွယ်လာတယ်။ လိင်ကိစ္စကို နဂိုကတည်းက ဝါသနာလို့ လုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ်လုပ်ကြည့်တော့မှ ဒီလောကအကြောင်း ဒီလောကကလူတွေအကြောင်း သိလာပြီး ချစ်စိတ်ဝင်သွားတဲ့ အဖြစ်လေးပါ။အက်ရှင်ခန်းတွေမှာတော့ ကွင်းကွင်းကွက်ကွက်ပြမထားပေမဲ့ ဘုရားသခင်ရဲ့ အနုစိတ်ဖန်တီးထားတဲ့ အလှအပတွေကိုတော့ အပြည့်အဝခံစားနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, ...
movie

[18+] La Maison (2022)

2022